မြန်မာနိုင်ငံအတွင်း ခရီးသွားလုပ်ငန်းများအဖြစ် ဖော်ဆောင်ထားသော ဆင်စခန်း ၁၂ ခုမှ
အကျိုးအမြတ်များကို ဆင်များနှင့် ဆင်ထိန်းများ၏ လူနေမှုဘဝမြှင့်တင်ရေးအတွက် အသုံးပြု
သွားမည် ဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊
သစ်တောဦးစီးဌာန (သစ်လုပ်ငန်း) တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ
မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၂၄ ရက်က ဖော်ပြထားသည်။
အဆိုပါ ဆင်စခန်းအများစုသည် တောနက်အတွင်း ရှိနေခြင်းကြောင့် ပြည်တွင်းပြည်ပ ခရီးသွား
များ သွားလာ ရေးလွယ်ကူစေနိုင်မည့် နေရာများ၊ ခရီးသွား အေဂျင်စီများ အဆင်ပြေစေမည့်
လမ်းကြောင်းများ၊ ဆင်စခန်းနှင့် ဆုံနိုင်မည့် နေရာနှင့် ရှုခင်းကောင်းသော နေရာများ၌ ရွေးချယ်
ဆောင်ရွက်ထားကြောင်း၊ လက်ရှိဖော်ဆောင် ထားသော ဆင်စခန်းများအပြင် တခြားဆွဲဆောင်
မှုရှိသော ဆင်စခန်းများကိုလည်း တိုးချဲ့သွားရန် ရှိပြီး ဆင် စခန်းများ၌ ဆင်အကောင်ရေ ၁ဝ
ကောင်မှ ၂ဝ အတွင်း ထားရှိသွားမည် ဖြစ်ကြောင်း၊ ခရီးသွားဧည့်သည်များ ထံမှ ရရှိသော
အကျိုးအမြတ်များကို ဆင်များနှင့် ဆင်ထိန်းများအတွက် အသုံးပြုမည် ဖြစ်ပြီး တစ်ဖက်တစ်လမ်း
မှ ဝင်ငွေရှာဖွေပေးခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ဆင်စခန်းများသို့ လာရောက်လည်ပတ်သော ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဝင်ကြေးကောက်ခံ
ရာတွင် ပြည်တွင်းခရီးသွားတစ်ဦးလျှင် ငွေကျပ် ၁ဝဝဝ၊ ဆင်စီးခအနေဖြင့် ငွေကျပ် ၃ဝဝဝ ကျသင့်
မည်ဖြစ်ကြောင်း၊ ပြည်ပခရီးသွားတစ်ဦးလျှင် ဝင်ကြေးငွေကျပ် ၂ဝဝဝဝ၊ ဆင်စီးခအနေဖြင့် ငွေကျပ်
၂ဝဝဝဝ ကောက်ခံမည် ဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်း၊ ပြည်ပခရီးသွားအများစုက စိတ်ဝင်စားမှု ရှိသောကြောင့် ပဲခူးရိုးမအတွင်း
သစ်ထုတ်လုပ်ငန်းများမှ ရပ်နားလိုက်သဖြင့် ကျန်ရှိနေသော ဝန်တင်ဆင်များ၊ ဆင်အိုများဖြင့် မြန်မာ
နိုင်ငံရှိ ဆင်စခန်း ၁၂ ခုကို သဘာဝအခြေပြုခရီးသွားလုပ်ငန်းအဖြစ် ပြောင်းလဲဖော်ဆောင်ပေးထား
ခြင်း ဖြစ်သည်ဟု ဆိုသည်။ သဘာဝအခြေပြုခရီးသွားလုပ်ငန်းအဖြစ် ပြောင်းလဲဖော်ဆောင်ပေးထား
သော ဆင်စခန်းများမှာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၉) အနီးရှိ ဝင်ကပေါ် ဆင်
စခန်း၊ ဖြူးမြို့ရှိ မှော်ယောကြီး ဆင်စခန်း၊ တောင်ငူမြို့ရှိ ဖိုးကျား ဆင်စခန်း၊ ပြည်မြို့ရှိ နတ်မော် ဆင်
စခန်း၊ သာယာဝတီမြို့ရှိ မြိုင်ဟေဝန်ဆင်စခန်း၊ ပေါက်ခေါင်းမြို့ရှိ ပေါ်လန်ကြီးဆင်စခန်း၊ ရွှေကျင်
မြို့ရှိ ဝဲမ ဆင်စခန်း၊ သပိတ်ကျင်းမြို့ရှိ ဝါးဖြူတောင် ဆင်စခန်း၊ ကသာမြို့ရှိ နတ်မောက် ဆင်စခန်း၊
ရခိုင်ပြည်နယ်ရှိ ငပလီဆင်စခန်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ငွေဆောင် ဆင်စခန်းနှင့် မော်လိုက်မြို့
ရှိ ပျားစွဲ ဆင်စခန်းတို့ဖြစ်သည်။









