မြန်မာနိုင်ငံမှ Tourism ပညာရပ်သင်ယူနေသူများ အာဆီယံပညာသင်ဆု လျှောက်ထားနိုင်

မြန်မာနိုင်ငံမှ Tourism ပညာရပ်သင်ယူနေသူများ အာဆီယံပညာသင်ဆု လျှောက်ထားနိုင်

အာဆီယံနိုင်ငံခရီးသွားလုပ်ငန်းမှ ကျင်းပမည့် ပညာသင်ဆုအစီအစဉ်၌ မြန်မာနိုင်ငံမှ
Tourism ပညာရပ်များကို သင်ယူနေသည့် တက္ကသိုလ်ကောလိပ်မှ ကျောင်းသား၊
ကျောင်းသူများ ပါဝင်လျှောက်ထားနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး
ဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲနှင့် စင်ကာပူနိုင်ငံ၌
ကျင်းပမည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ရှင်းလင်းပွဲအခမ်းအနားတွင် တာဝန်ရှိသူ
များ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၂၄ ရက်
က ဖော်ပြထားသည်။

အာဆီယံခရီးသွားလုပ်ငန်းမှ ပေးအပ်သော ပညာသင်ဆုကို မြန်မာနိုင်ငံမှ Tourism
ဘာသာရပ် တက်ရောက် နေသော တက္ကသိုလ်ကောလိပ် ကျောင်းသား၊ ကျောင်းသူများ
လျှောက်ထားနိုင်ရန် ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး
ဌာနအပြင် သက်ဆိုင်ရာဌာနများတွင်လည်း လျှောက်ထားနိုင်ပြီ ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် မတ်
လ ၃၁ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်မီမီထွန်းက ပြောကြားခဲ့သည်။

ထို့ပြင် ပညာသင်ဆုအတွက် ပမာဏလူရွေးချယ်ခြင်းနှင့် သင်တန်းသားများ လူတွေ့စစ်ဆေး
ခြင်းများကို ဧပြီလအတွင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ပညာသင်ဆုရရှိသူများစာရင်းကို
သြဂုတ်လအတွင်း ကြေညာသွားမည် ဖြစ်သည်။ အဆိုပါပညာသင်ဆုကို သက်ဆိုင်ရာ
တက္ကသိုလ်များ၊ အာဆီယံခရီးသွားလုပ်ငန်း သုတေသန အဖွဲ့အစည်း၏ ဘုတ်အဖွဲ့၊ အာဆီယံ
အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံခရီးသွားလုပ်ငန်း စသည့်ဌာနများမှ တာဝန်ရှိသူများက စိစစ်
ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။