မိတ္ထီလာတွင် ပထမဆုံး လူစီးပါရာမိုတာ သရုပ်ပြပျံသန်းပြပွဲကျင်းပ

မိတ္ထီလာတွင် ပထမဆုံး လူစီးပါရာမိုတာ သရုပ်ပြပျံသန်းပြပွဲကျင်းပ

Mandalay RC and DIY Group နှင့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ
မောင်းသူမဲ့လေယာဉ်ဌာနတို့ပူးပေါင်း၍ ပထမဆုံး လူစီးပါရာမိုတာသရုပ်ပြပျံသန်းပွဲနှင့် RC
လေယာဉ် သရုပ်ပြပျံသန်းပွဲကို မိတ္ထီလာတက္ကသိုလ်အနီး ကွင်းပြင်၌ ဇန်နဝါရီ ၂၂ ရက်က ကျင်းပ
ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၅ ရက်က ဖော်ပြ
ထားသည်။

Mandalay RC and DIY Group ၏ အဖွဲ့ဝင်များမှ လာရောက်သရုပ်ပြပျံသန်းခြင်းဖြစ်ပြီး ကျောက်မဲ၊
သီပေါ၊ ပြင်ဦးလွင်၊ မန္တလေးဘက်များတွင် ယခင်က ပျံသန်းခဲ့ဖူးကြောင်း၊ လူစီးပါရာမိုတာနဲ့ ပျံသန်း
နိုင်ရန်အတွက် ခုနစ်လ၊ ရှစ်လခန့် လေ့ကျင့်ရကြောင်း၊ အင်တာနက်မှ လူစီးပါရာမိုတာများအကြောင်း
အဓိကလေ့လာကာ ကိုယ်တိုင်တီထွင်ဖန်တီး ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လေထဲတွင် အမြင့်ပေ ၆ဝဝဝ ကျော်မှ ပေ ၁ဝဝဝဝ ခန့်အထိ ပျံသန်းဖူးပြီး ကြာမြင့်ချိန် ၂ နာရီခန့်အထိ
နေခဲ့ဖူးကြောင်း၊ လူစီးပါရာမိုတာကို မြင့်မြင့်စီးခြင်းထက် နိမ့်နိမ့်စီးခြင်းက ပိုမိုပျော်ရွှင်စရာ ကောင်း
ကြောင်း သရုပ်ပြစီးနင်းပျံသန်းပြသူ ကိုကျော်စိုးအောင်(ခ)ကိုဖိုးလုံုးက ပြောကြားခဲ့သည်။

လူစီး ပါရာမိုတာသရုပ်ပြပျံသန်းပွဲတွင် ၄င်းနှင့်အတူ တပည့်ဖြစ်သူ ကိုမျိုးညွန့်တို့က သရုပ်ပြပျံသန်းခဲ့ပြီး
မန္တလေးမြို့ရှိ Mandalay RC and DIY Group အဖွဲ့ဝင်များက မောင်းသူမဲ့ လေယာဉ်ငယ်မျိုးစုံကို သရုပ်
ပြ ပျံသန်းပြသခဲ့သည်ဟု ဆိုသည်။