စျေးချိုတော်ဧရိယာ ယာဉ်ကြော ကျပ်တည်းမှုမရှိစေရေးအတွက် သင့်တော်သည့် စည်းကမ်းချက်များ
ချမှတ်ကာ သတ်မှတ်ထားသည့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်
ကြောင်း မန္တလေးမြို့၊ အဆင့်မြင့်စျေးချိုတော်နှင့် တိုက်တန်းကြီး စျေးအကျိုးတော်ဆောင်အဖွဲ့၏ ပြော
ကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၅
ရက်က ဖော်ပြထားသည်။
စျေးချိုတော်ဧရိယာအတွင်း ၈၄ လမ်း အရှေ့ဘက်ခြမ်းကို ယာဉ်များ စနစ်တကျရပ်နားနိုင်ရန် စျေး
အကျိုးတော်ဆောင်အဖွဲ့က စီစဉ်ပေးမည်ဖြစ်ပြီး ၈၄ လမ်း အနောက်ဘက်ခြမ်း၌ ကုန်ပစ္စည်း အတင်
အချနှင့် လူအတင်အချလုပ်မည့် ယာဉ်များကို အချိန်ကန့်သတ်ချက်ဖြင့် ဆောင်ရွက်ရန် စီစဉ်ထား
ကြောင်း သိရသည်။
စျေးချိုတော်ကို စျေးနှင့်တူစွာ စည်ကားစေရေး ဆောင်ရွက်နိုင်ရန်အတွက် ယာဉ်ကြောကျပ်တည်းမှု
ကိုလည်း စည်းကမ်းနှင့်အညီ ရှင်းလင်းမည် ဖြစ်ပြီး ပိုမိုကောင်းမွန်သည့် အချက်အလက်များ ရရှိစေ
ရန် သက်ဆိုင်ရာ ဌာနများအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း စျေးအကျိုးတော်ဆောင်အဖွဲ့
အတွင်းရေးမှူး ဦးမင်းမင်းက ပြောကြားခဲ့သည်။










