အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂ဝ၁၆ အာဆီယံဖူဆယ်ပြိုင်ပွဲဝင် မြန်မာဖူဆယ်
ဘောလုံးအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဇန်နဝါရီလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ
၁ နာရီခွဲတွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိပြီး အုပ်စုပထမ
နေရာကို ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၅
ရက် က ဖော်ပြထားသည်။
အုပ်စုဒုတိယပွဲစဉ်များကို ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပခဲ့ရာတွင် လာအိုနှင့် အင်ဒိုနီးရှားအသင်း
များ ကို နှစ်ပွဲဆက်အနိုင်ရခဲ့သည့် မြန်မာဖူဆယ်အသင်းနှင့် မလေးရှားအသင်းတို့မှာ ဆီမီးဖိုင်နယ်
သို့ တက် ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ပထမဆုံး ယှဉ်ပြိုင်သည့် ၂ဝဝ၆ အာဆီယံ
ဖူဆယ်ပြိုင်ပွဲတွင် တတိယနေရာ ရရှိခဲ့ဖူးပြီး ယခုအကြိမ်မှသာ ဆီမီးဖိုင်နယ်သို့ ဒုတိယအကြိမ်
တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
တစ်ဖက်အုပ်စုတွင် အင်အားကြီး အိမ်ရှင်ထိုင်းအသင်းက အုပ်စုပထမနေရာ ရရှိထားပြီး အုပ်စုပထမ
နေရာရရှိခဲ့သော မြန်မာအသင်းအနေဖြင့် အကြိုဗိုလ်လုုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။










