ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့
ရောက်ရှိနေသော ကြိုတင်ဆန္ဒမဲပေးရန် ပုံစံ(၁၅) ဖြင့် တောင်းခံထားသည့် မဲဆန္ဒရှင်များ
အနက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို နိုင်ငံ
ခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာသံရုံးအသီးသီးသို့ အချိန်မီပေးပို့နိုင်ရန် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ
၂၅ ရက်က ဖော်ပြထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ခွဲအသီးသီးမှ ကြိုတင်ဆန္ဒမဲလက်မှတ်များကို တာဝန်ခံ၍ ထုတ်ပေးမည့်သူများက ဖေဖော်
ဝါရီ ၁ရက်မှ စတင်ပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များတွင် လက်မှတ်ရေးထိုးခြင်း၊ မြို့နယ်ရွေး
ကောက်ပွဲကော်မရှင် အဖွဲ့ခွဲတံဆိပ်တုံးရိုက်နှိပ်ခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်း/
လက်ခံခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။
နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်တွင်းပြည်ပ
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် မီဒီယာများအနေဖြင့်လည်း လာရောက်လေ့လာ
နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားခြင်း ဖြစ်သည်။









