ရတနာပုံတက္ကသိုလ် UCGA အဖွဲ့က ကြီးမှူးကာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မြန်မာ့
သတင်းအချက်အလက်နည်းပညာတက္ကသိုလ် MIIT ၌ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ
ကျင်းပမည့် ကလေးစာပေပွဲတော်တွင် ကလေးများအတွက် အသိပညာဗဟုသုတ ရရှိစေမည့်
သုတရသ စာအုပ် ပေါင်း ၅ဝဝဝ ကျော်ကို "ကြိုက်သလောက်ယူ၊ ကြိုက်သလောက်လှူ" အစီ
အစဉ်ဖြင့် မျှဝေပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ
တွင် ဇန်နဝါရီလ ၂၅ ရက်က ဖော်ပြထားသည်။
ကလေးများတွင် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် အဆိုပါပွဲတော်ကို အဓိက
စီစဉ်ကျင်းပခြင်း ဖြစ်ပြီး ကလေးများ စိတ်ဝင်စားနိုင်မည့် စာအုပ်များကို ကြိုက်သလောက် ယူနိုင်
ပြီး တတ်နိုင်သလောက် လှူဒါန်းရမည် ဖြစ်ကြောင်း၊ ရရှိလာသော ရန်ပုံငွေများကိုလည်း ရတနာပုံ
တက္ကသိုလ် သန့်ရှင်းလှပရေးအတွက် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူလှူဒါန်းသွားမည် ဖြစ်
ကြောင်း အဆိုပါအဖွဲ့မှ ကိုလှမင်းဦး(နောင်-ရူပ) က ပြောကြားခဲ့သည်။
ထို့ပြင် ကလေးစာပေကျင်းပရာ မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်တွင်
ကျန်ရစ်ခဲ့မည့် အမှိုက်သရိုက်များကိုလည်း ပွဲတော်အပြီးတွင်လည်း သန့်ရှင်းရေးလုပ်ငန်းများ
ဆောင်ရွက်သွားရန် ၎င်းအဖွဲ့က စီစဉ်ထားသည်ဟု ဆိုသည်။ အဆိုပါ UCGA (University Clean
& Green Association) အဖွဲ့သည် ရတနာပုံတက္ကသိုလ်၌ အပတ်စဉ် သောကြာနေ့တိုင်း အမှိုက်
ကောက်ခြင်း နှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊
ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။









