နှစ် (၆ဝ) နီးပါး သိမ်းဆည်းခံခဲ့ရသည့် ကရိန်နော်အပန်းဖြေရိပ်သာမြေနေရာကို ကချင်ပြည်နယ်
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက မူလပိုင်ရှင်
ဒူဝါ ကရိန် နော်မိသားစုထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၇ ရက်က ဖော်ပြထားသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (တပ်ပြင်ပ ကရိန်နော်မြေ) က စွန့်လွှတ်အပ်နှံလာသည့် မြစ်ကြီးနား
မြို့နယ် ရွှေစက်ရပ်ကွက်၊ ကွင်းအမှတ်/အမည် (၂က/ မိန်ခိန်ရွှေစက်)၊ ဦးပိုင်အမှတ် (၂၇၈)ရှိ မြေ
ဧရိယာ ၃ ဒသမ ရ၄ ဧကနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကိုလည်းကောင်း၊ မြေ ၃ ဒသမ
၇၄ ဧကနှင့် ပတ်သက်သည့် မြေစာရင်း ပုံစံ (၁ဝ၅၊ ၁ဝ၆)ကိုလည်းကောင်း မူလပိုင်ရှင်ဖြစ်သူ ဒူဝါ ကရိန် နော်မိသားစုထံ ပြန်လည်ပေးအပ်ခဲ့ရာတွင် ဒူဝါကရိန်နော်၏ ဇနီးဒေါ်ဂျာဖာနှင့် မြေး ဒေါ်ကရိန်
နန်ဘူ တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ယခုလွှဲပြောင်းပေးအပ်သည့် ကရိန်နော်အပန်းဖြေရိပ်သာကို စတင်အကောင်အထည်ဖော် တည်
ထောင်ခဲ့သူ ဒူဝါကရိန်နော်သည် ကချင်အမျိုးသားခေါင်းဆောင်၊ ပါလီမန် လူမျိုးစုလွှတ်တော်အမတ်
တစ်ဦးဖြစ်ပြီး အဆိုပါမြေကို ၂ဝ၁၂ ခုနှစ်မှစတင်၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ ပြန်လည်ရရှိရန်
လျှောက်ထားခဲ့ရာ ၂ဝ၁၄ ခုနှစ်တွင် တပ်မတော်မှအရာရှိကြီးများက ခရိုင်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ
များ၊ ရပ်မိရပ်ဖများရှေ့၌ မြေပေးမိန့်ကို ထုတ်ပေးထားခဲ့ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်
ဆင့် စိစစ်ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် မြေစာရင်းပုံစံ (၁ဝ၅၊ ၁ဝ၆)ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်း
ဖြစ်သည်ဟု ဆိုသည်။










