(၁၅)ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ၊ ပန်းမန်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၂၃ မျိုးပါဝင်မည်

(၁၅)ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ၊ ပန်းမန်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၂၃ မျိုးပါဝင်မည်

ဖေဖော်ဝါရီ ၁ဝ ရက်မှ စတင်ကျင်းပမည့် (၁၅) ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ၊ ပန်းမန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားပေါင်း ၂၃မျိုး
ပါဝင်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ
၂၇ ရက်က ဖော်ပြထားသည်။

ပန်းအလှပြုပြင်ခြင်းပြိုင်ပွဲ၊ ပန်းအလှပင်ပြိုင်ပွဲ၊ အရွက်အလှပင်ပြိုင်ပွဲ၊ ရွက်လှပင်ပြိုင်ပွဲ၊ ပြည်တွင်း
သစ်ခွပြိုင်ပွဲ၊ နှင်းဆီပင်အမျိုးမျိုးပြိုင်ပွဲ၊ ရှားစောင်းပင်ပြိုင်ပွဲ၊ သက်ကြီးပုပင်ပြိုင်ပွဲ၊ သစ်သီးပြိုင်ပွဲ၊
သစ်သီးပုံဖော် အလှဆင်ခြင်းပြိုင်ပွဲနှင့် ပြိုင်ပွဲ အမျိုးအစားပေါင်း ၂၃ မျိုးတွင် ပြိုင်ပွဲအမျိုးအစား
အားလုံး အတွက် ပထမဆု ကျပ် တစ်သိန်းငါးသောင်း၊ ဒုတိယဆု ကျပ် တစ်သိန်း၊ တတိယဆု
ကျပ် ခုနစ်သောင်း၊ နှစ်သိမ့်ဆု သုံးဆုအတွက် ကျပ်သုံးသောင်းစီ ချီးမြှင့်မည် ဖြစ်ကြောင်း
သိရသည်။

ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ပါဝင်ယှဉ်ပြိုင်မည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံပန်းမန်များ
အား ကန်တော်ကြီးလူထုအပန်းဖြေဥယျာဉ်ကွပ်ကဲရေးရုံးသို့ ဖေဖော်ဝါရီလ ၉ ရက် ည ၁ဝ နာရီ
နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း ဝ၉-၄ဝ
၂၅၇၂၂၁၁ နှင့် ဝ၉-၇၉၇၆၂၂၉၉ဝ တို့တွင် ဆက်သွယ်စုံစမ်းနိုင်သည်ဟု ဆိုသည်။