အာဆီယံဖူဆယ် ချန်ပီယံရှစ် မြန်မာအသင်းနှင့် တီမောလက်စ်တေအသင်းတို့ အကြိုဗိုလ်လုမည်

အာဆီယံဖူဆယ် ချန်ပီယံရှစ် မြန်မာအသင်းနှင့် တီမောလက်စ်တေအသင်းတို့ အကြိုဗိုလ်လုမည်

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပလျက် ရှိသည့် ၂ဝ၁၆ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ
အကြိုဗိုလ်လုပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် တီမောလက်စ်တေအသင်း
တို့သည် ဇန်နဝါရီလ ၂၇ ရက် ညနေ ၄ နာရီတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၇ ရက်က ဖော်ပြထား
သည်။

အဆိုပါ ပွဲစဉ်ကို ညနေ ၃ နာရီ မိနစ် ၅ဝ မှ စတင်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်
ထုတ်လွှင့်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။