မွန်အမျိုးသားနေ့ အခမ်းအနားကို နေပြ့ည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် ကျင်းပမည်
အကြိမ် (၇ဝ) မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ၁၃၇၈ ခုနှစ် တပို့တွဲလဆန်း ၉ ရက်
(ဖေဖော်ဝါရီ ၅ ရက် တနင်္ဂနွေနေ့) ညနေ ၆ နာရီမှ ည ၉ နာရီအထိ နေပြည်တော်ရှိ မြန်မာ
အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၇ ရက်က
ဖော်ပြထားသည်။
မွန်အမျိုးသားတို့၏ ဇာတိသွေး၊ ဇာတိမာန်များ ရှင်သန်နိုးကြားရန်နှင့် မွန်စာပေ၊ မွန်ယဉ်ကျေးမှု
များကို ထိန်းသိမ်းဖော်ထုတ်မြှင့်တင်လိုစိတ်များ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်ကျင်းပသွား
မည် ဖြစ်ကြောင်း သိရသည်။









