Asian Tour နှင့် Japan Golf Tour တို့ ပူးပေါင်း၍ Leopalace 21 ပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့်
2017 Leopalace 21 ၏ မြန်မာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲကို ဇန်နဝါရီလ ၂၈ ရက်မှစ၍ ရန်ကုန်
မြို့ရှိ ပန်းလှိုင်ဂေါက်ကွင်း၌ ကျင်းပလျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် ဇန်နဝါရီလ ၂၇ ရက်က ဖော်ပြထားသည်။
အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ အားကစားသမား ၁၅ဝ ဝင်ရောက်ယှဉ်ပြိုင်နေပြီး မြန်မာ
ဂေါက်သီးကစားသမား ၁၄ ဦး ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။ မြန်မာဂေါက်သီးရိုက် ကစား
သမားများအနက် ရဲထက်အောင်နှင့် အောင်ဝင်းတို့မှာ သတ်မှတ်ရိုက်ချက်အတိုင်း ရိုက်ကာ အဆင့်
၅၃ နေရာတွင် ရပ်တည်လျက် ရှိသည်။
Leopalace 21 မြန်မာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၇ဝ တွင် ရုပ်သံမှ တိုက်ရိုက်ပြသ
မည် ဖြစ်ပြီး ပြည်တွင်း ရုပ်သံလိုင်းဖြစ်သည့် Natipong SRITHONG မှလည်း ပြသလျက်ရှိသည်။ ပြိုင်ပွဲသို့ မြန်မာအားကစားပရိသတ်များ အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပြီး ကံစမ်းမဲအစီအစဉ်
များလည်း ပါဝင်ကြောင်း သိရသည်။









