မှန်ကန်အကျိုးရှိပြီး စာဖတ်သူပြည်သူများ စိတ်ဝင်စားမည့် သတင်းဦးသတင်းထူးများကို
တင်ဆက်ရေးသားရန် လိုအပ်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ တွင် ရတနာပုံသတင်း
စာတိုက်အား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်
မှူးကြီးမင်းအောင်လှိုင်က ရတနာပုံသတင်းစာတိုက်မှ ၀န်ထမ်းများအား ပြောကြားခဲ့ကြောင်း
မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၃၀ ရက်က ဖော်ပြထားသည်။
နေ့စဉ်ထုတ်သတင်းစာ၏ သဘောသဘာဝအရ မှန်ရန်နှင့် မြန်ရန်လိုကြောင်း၊ သတင်းစာ
၏ သတင်း အရည်အသွေးနှင့် ပုံနှိပ်အရည်အသွေးများလည်း ကောင်းမွန်ရမည်ဖြစ်ကြောင်း၊
နံနက်မိုးလင်းသည်နှင့် သတင်းစာ အား စာဖတ်သူလက်ထဲရောက်အောင် မြန်မြန်ဆန်ဆန်
ဖြန့်ချိပေးနိုင်ရမည် ဖြစ်ကြောင်း၊ တိုက်ပိုင် သတင်း ထောက်များအနေဖြင့်လည်း နယ်ပယ်စုံ
မှ ဒေသသတင်းများကို ယခုထက် ပိုမိုရယူရေးသားနိုင်ရေး၊ မိမိ၏ သတင်းကို ခိုင်ခိုင်မာမာ
တာဝန်ယူ၊ တာဝန်ခံ၍ ရေးသားဖော်ပြရေး၊ သတင်းစာမှတစ်ဆင့် ပြည်သူလူထု စိတ်ဝင်စား
မည့် အကြောင်းအရာများကို ကဏ္ဍစုံလင်စွာ ထည့်သွင်းအသိပေးဖော်ပြနိုင်ရေးတို့ကို ကြိုးစား
လုပ်ဆောင်ရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်
လှိုင်က ဖြည့်စွက် ပြောကြားခဲ့သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရတနာပုံ
သတင်းစာတိုက်အတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး
ခဲ့ပြီး သတင်းစာတိုက်ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။










