ကိုယ်ဝန်ဆောင် ဆီးချိုရောဂါဖြစ်ပွားမှုမှာ ဦးရေ တစ်ရာလျှင် တစ်ယောက်နှုန်း ဖြစ်ပွားလျက်
ရှိပြီး ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အထွေထွေရောဂါကုဆေးရုံကြီး ပြင်ပ
လူနာဌာန၌ အပတ်စဉ် သောကြာနေ့တိုင်း ကိုယ်ဝန်ဆောင် ဆီးချိုရောဂါသည်များကို အခမဲ့
စစ်ဆေး ကုသပေးလျက် ရှိကြောင်း ယင်းဆေးရုံကြီး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၂၅ ရက်က ဖော်ပြထားသည်။
သမားတော်များကိုယ်တိုင် သေချာကြည့်ရှုစစ်ဆေးပေးခြင်း ဖြစ်သောကြောင့် အပတ်စဉ် သွား
ရောက်ပြသရန် လိုအပ်ကြောင်း၊ ကိုယ်ဝန်ဆောင်နေစဉ်တွင် ဆီးချိုရောဂါရှိနေပါက လူကြီးရော
ကလေးပါ ကျန်းမာစွာ မွေးဖွားနိုင်ရေးအတွက် အထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊ ဆီးချိုမတက်
အောင် ထိန်းရမည့်အပြင် ကလေးကိုလည်း ထိခိုက်မှုမရှိအောင် မိခင်ကိုယ်တိုင်က ကျန်းမာရေး
ကို အထူးဂရုပြုရန် လိုအပ်ကြောင်း ဆီးချိုရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာအေးချိုက ပြော
ကြားခဲ့သည်။
ကိုယ်ဝန်ဆောင်ရောဂါသည်များအနေဖြင့် ဆီးချိုတက်စေမည့် အစားအသောက်များ ရှောင်ခြင်း၊
ကိုယ်လက် အင်္ဂါများ ထိခိုက်မှုမရှိစေရန် နေထိုင်ခြင်း၊ သွေးကြောများ ပုံမှန်စစ်ဆေးခြင်းများ
ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ သွေးချို၊ ဆီးချိုစစ်ကိရိယာများ ဝယ်ယူထားရန် လိုအပ်ကြောင်း
သိရသည်။ ၂ဝ၁၆ ခုနှစ်အတွင်း မွေးလူနာ ရ၀၀၀ ကျော်တွင် ရ၅ ဦးမှာ ကိုယ်ဝန်ဆောင် ဆီးချို
ရောဂါသည်များ ဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။









