မြင့်တက်လာသော ရန်ကုန်မြို့တွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး
အတွက် ဆိုလာ စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် မြေနေရာရှာဖွေလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ
၂၅ ရက်က ဖော်ပြထားသည်။
ဆိုလာစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ရေးအတွက် ရန်ကုန်မြို့နှင့် ညီအစ်မမြို့တော်
ဖြစ်သော ဂျပန်နိုင်ငံ၊ ဝါဆာကီမြို့က နည်းပညာပိုင်းနှင့် ငွေကြေးအကူအညီများ ပေးသွားမည်
ဖြစ်ပြီး နေရောင်ခြည် အပြည့် အဝ ရရှိသော နေရာကို ရှာဖွေနေရကြောင်း၊ ဆိုလာစွမ်းအင်မှ
ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို မည်သည့်နေရာ၌ အသုံးပြုမည်ကို ညှိနှိုင်းဆွေးနွေး
နေဆဲ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း လိုအပ်သော လျှပ်စစ်ဓာတ်အားများ ပြည့်ဝစွာ ရရှိရေးနှင့် လျှပ်စစ်ဓာတ်အား
ပေးနိုင်ရေး၊ လျှပ်စစ်မီးများ ပြတ်တောက်မှုမရှိစေရန် အလုံဓာတ်အားပေးစက်ရုံ၏ တစ်ဖက်ကမ်း
ဆိပ်ကြီးခနောင်တိုမြို့နယ် တွင် ၃ဝဝ မဂ္ဂါဝပ်လျှပ်စစ် ဓာတ်အားပေး စက်ရုံတစ်ရုံနှင့် သန်လျင်-
သီလဝါ အထက်ပိုင်း၌ သင်္ဘောဖြင့် တင် လာမည့် ၃ဝဝ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ
တစ်ရုံတို့မှ စုစုပေါင်း လျှပ်စစ်မဂ္ဂါဝပ် ၆ဝဝ ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု
ဆိုသည်။









