နယ်စပ်ဂိတ်များမှ တရားမဝင် ၀င်ရောက်လာသည့် ကုန်စည်များကို မတ်လမှစတင်၍ ခေတ်မီ X-Ray စက်များဖြင့် စစ်ဆေးသွားမည်

နယ်စပ်ဂိတ်များမှ တရားမဝင် ၀င်ရောက်လာသည့် ကုန်စည်များကို မတ်လမှစတင်၍ ခေတ်မီ X-Ray စက်များဖြင့် စစ်ဆေးသွားမည်

မြန်မာနိုင်ငံအတွင်း နယ်စပ်ဂိတ်များမှ တရားမဝင်ဝင်ရောက်လာသည့် ကုန်စည်များကြောင့်
နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများမရရှိဘဲ နစ်နာမှုများစွာရှိခြင်းကြောင့် မတ်လမှ စတင်
၍ နယ်စပ်ဂိတ်များတွင် ခေတ်မီ X- Ray စက်များဖြင့် တရားမဝင်ကုန်စည်များကို စစ်ဆေးမှု
များ ပြုလုပ်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်းက ပြောကြားခဲ့သည်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ
၂၆ ရက်က ဖော်ပြထားသည်။

စစ်ဆေးမှုဆောင်ရွက်ရာတွင်လည်း စစ်ဆေးသူနှင့် စစ်ဆေးခံသူ နှစ်ဦးစလုံးကို CCTV မြင်ကွင်း
အောက်တွင် ထားရှိစစ်ဆေးမည် ဖြစ်ပြီး သတင်းမီဒီယာများကိုလည်း စိတ်တိုင်းကျနေရာယူခွင့်
ပေးထားမည် ဖြစ်ကြောင်း၊ စစ်ဆေးချက်အားလုံးကို မှတ်တမ်းတင်ထားမည် ဖြစ်ပြီး နေ့စဉ်စစ်ဆေး
မှုများကို ပတ်သက်၍ ဝက်ဘ်ဆိုက်တွင် သတင်းများလွှင့်တင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လာဘ်ပေးလာဘ်ယူမှုများ မဖြစ်စေရေးအတွက် ဖမ်းဆီးရမိသော ပစ္စည်း၏ ၅ဝ ရာခိုင်နှုန်း
ကို တာဝန်ထမ်းဆောင်နေသော ဌာနအသီးသီးမှ ဝန်ထမ်းအားလုံးထံ ဆုအဖြစ် ချီးမြှင့်သွားမည်
ဖြစ်ကြောင်း သိရသည်။ စစ်ဆေးရာတွင်လည်း X-Ray စက်နှင့် Mobile X-Ray စက်များကို အသုံးပြု
မည် ဖြစ်ပြီး အခြားခေတ်မီစက်များကိုလည်း အသုံးပြုကာ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်သွားမည်
ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။