နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာရှင်များကို ရောဂါရှာဖွေခြင်းနှင့် နှလုံးသွေးကြောထောက်
ကိရိယာ ထည့်၍ ကုသခြင်းကို ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၌ ဆောင်ရွက်ပေးလျက် ရှိကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၃၁ ရက်က ဖော်ပြထား
သည်။
နိုင်ငံတကာမှ အထူးကုဆရာဝန်ကြီးများနှင့် စဉ်ဆက်မပြတ် ဆေးပညာဆိုင်ရာ ပူးပေါင်းဆောင်
ရွက်မှု အစီအစဉ်အရ ဂျပန်နိုင်ငံရှိ Rakuwakai Marutamachi Hospital မှ နှလုံးရောဂါ အထူးကု
ဆရာဝန်ကြီး Dr. Kinzo Ueda နှင့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ နှလုံးရောဂါအထူးကုဆရာဝန်
ကြီး ဒေါက်တာ သက်ဟိန်းဦးဆောင်သော အဖွဲ့တို့ ပူးပေါင်း၍ ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၌
နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအား ကုသပေးနေခြင်း ဖြစ်သည်။
ဇန်နဝါရီလ ၃၀ နှင့် ၃၁ ရက်များတွင် ဝေဒနာရှင် ၁၁ ဦးအား ကုသပေးခဲ့ကြောင်း၊ နိုင်ငံတကာမှ
အထူးကုဆရာဝန်ကြီးများအပြင် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးနှင့် အဖွဲ့ဖြင့် လည်း နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာရှင်များ ကုသမှုခံယူနိုင်ကြောင်း သိရသည်။










