ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် အာဆီယံသပြေ ခေါ် စင်ကာပူသပြေပင် စိုက်ပျိုးမှုများပြားလာ

ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် အာဆီယံသပြေ ခေါ် စင်ကာပူသပြေပင် စိုက်ပျိုးမှုများပြားလာ

ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် အာဆီယံသပြေ ခေါ် စင်ကာပူသပြေပင်
စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ သိသိသာသာ တိုးတက်များပြားလာ
ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ နယ်၊ စိုက်ပျိုးရေးဥယျာဉ်ခြံလုပ်ငန်း
လုပ်ကိုင်ဆောင်ရွက်သူများ၏ ပြောပြချက်ကို ကိုးကားကာ မြဝတီ သတင်းတစ်ရပ်
တွင် ဇန်နဝါရီလ ၃၁ ရက်က ဖော်ပြထားသည်။

အဆိုပါ သပြေမျိုးများကို အာဆီယံသပြေ၊ စင်ကာပူသပြေဟု ခေါ်သကဲ့သို့ ရွှေသပြေ
ဟုလည်း ခေါ်ကြကြောင်း၊ အရှေ့တောင်အာရှဒေသရှိ စင်ကာပူနှင့် မလေးရှားနိုင်ငံ
တို့တွင် အများဆုံးတွေ့မြင်ရပြီး နေအိမ်ဝင်းခြံများ၏ ခြံစည်းရိုးများအဖြစ်လည်း အသုံး
ပြုစိုက်ပျိုးနေကြကြောင်း သိရသည်။

ယခင်က မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်သာ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ရာမှ
ယခုအခါ ရန်ကုန်မြို့နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ခေတ် စားလာကာ စျေးကွက်
တွင်ကျယ်လာသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မြစ်ဝကျွန်းပေါ်
ဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးသူ တိုးတက်များပြားလာခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့ရှိ အာဆီယံသပြေပျိုးပင်
ခြံများတွင် ပျိုးပင်အရွယ်အစားအလိုက် ငွေကျပ် ၅ဝဝ၊ ၈ဝဝ၊ ၁ဝဝဝ၊ ၁၅ဝဝ၊ ပေါက်စျေး
ရှိပြီး အပင်ကြီးများမှာ အပင်အရွယ်အစားအလိုက် ငွေကျပ် ၂၅ဝဝ၊ ၃၅ဝဝ၊ ၅ဝဝဝ၊ ၈ဝဝဝ
မှ၂၅ဝဝဝထိ စျေးနှုန်းရှိကြောင်း သိရသည်။