ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ဘတ်စ်ကားလိုင်းများတွင် CCTV
တပ်ဆင်မှုကို လက်ရှိ ပြေးဆွဲနေသည့် ကားများတွင် တပ်ဆင်မည် မဟုတ်ဘဲ ကားသစ်
များတွင်သာ တပ်ဆင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး
ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်
တွင် ဇန်နဝါရီလ ၃၁ ရက်က ဖော်ပြထားသည်။
YBS ဘတ်စ်ကားလိုင်းများ၌ CCTV နှင့် GPS တပ်ဆင်မှုတွင် GPS ကိုသာ မြို့တွင်းယာဉ်
လိုင်း ၆ဝ ကို ပထမ ဦးစားပေးအနေဖြင့် တပ်ဆင်သွားမည် ဖြစ်ပြီး နှစ်လအတွင်း တပ်ဆင်
သွားမည်ဟု ဆိုသည်။ ယခုနှစ် မတ်လ အတွင်း GPS ၊ CCTV နှင့် ငွေပေးချေစက်များ တပ်
ဆင်ထားသည့် City Bus အစီးရေ ၁ဝဝဝ ထပ်မံရောက်ရှိလာမည်ဖြစ်ပြီး အစီးရေနည်းနေ
သည့် YBS ယာဉ်လိုင်းများတွင် တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
CCTV ကို ကားသစ်များတွင်သာ တပ်ဆင်ဖြစ်မည်ဟု ယူဆကြောင်း၊ ခရီးစဉ်တစ်လျှောက်
လုံခြံုရေးအတွက်သာမက ကားအတွင်းအပြင်ကို စောင့်ကြည့်နိုင်ရန်အတွက် CCTV များ
တပ်ဆင်ခြင်း ဖြစ်ကြောင်း Power Eleven Public အများပိုင်ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်
(၄၅) ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။










