Greater Mekong Initiative ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံ
၀န်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ ဇနီး Mrs. Akie Abe နှင့် အဖွဲ့သည် ဇန်နဝါရီလ ၃၁
ရက်နေ့တွင် မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း ပြန်
ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၁ ရက်က ဖော်ပြထား
သည်။
ဧည့်သည်တော် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ ဇနီးနှင့် အဖွဲ့သည် ရန်ကုန်မြို့
မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာ့ဗုဒ္ဓဝိပဿနာဗိမာန်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ သုခကာမီ သီလ
ရှင်သင် ပညာရေးကျောင်း၊ ဇလွန်သီလရှင်သင်ပညာရေးကျောင်း၊ ပညာသိင်္ဂီ သီလရှင်သင်
ပညာရေးကျောင်း၊ အပမာဒ သီလရှင်သင်ပညာရေးကျောင်းနှင့် ပုညဝိသုဒ္ဓိ ဘုန်းတော်ကြီး
သင်ပညာရေးကျောင်းများသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထိုသို့ သွားရောက်ကြည့်ရှုလေ့လာစဉ် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ ဇနီးနှင့်
အဖွဲ့၊ အလှူရှင်များသည် ပညာရေးစာသင်ကျောင်းတစ်ကျောင်းလျှင် ငွေကျပ် သိန်း ၅၀ နှင့်
ကျောင်းသုံးပစ္စည်းများ လှူဒါန်းခဲ့ကြသည်ဟု ဆိုသည်။










