မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်ခြံစည်းရိုး အဆင့်မြှင့်တင်ရေး မောင်တောဒေသခံပြည်သူများ လိုလား

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်ခြံစည်းရိုး အဆင့်မြှင့်တင်ရေး မောင်တောဒေသခံပြည်သူများ လိုလား

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အဖြစ် ကာရံထားသည့် သွပ်ဆူးကြိုးခြံစည်းရိုးကို
ပြန်လည်ပြင်ဆင်ပြီး အဆင့်မြှင့်တင်ရန် ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ ဒေသခံပြည်သူ
များက လိုလားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ
လ ၁ ရက်က ဖော်ပြထားသည်။

နယ်စပ်ခြံစည်းရိုးခတ်ခြင်းလုပ်ငန်း လွယ်ကူစေရန် မောင်တောမြို့ အနောက်ဘက် ၅ ဖာလုံခန့်
အကွာ တွင် စိုက်ထူရေးမှတ်ထားသည့် နယ်စပ် ခြံစည်းရိုးတိုင်အမှတ် ရ၉၆၊ ၁ဝ၆၅၊ ၁၁၈ဝ နှင့်
အနီးတစ်ဝိုက်တို့တွင် နှစ်နိုင်ငံ လွယ်ကူစွာ သွားလာလိုကြသူများ၏ ဖျက်ဆီးခြင်း၊ အပေါက်
ဖောက်ခြင်းတို့ကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ လွယ်ကူစွာ ကူးလူးသွားလာနိုင်သည့် ခြံစည်းရိုး
ပေါက်ကြီးများ ဖြစ်ပေါ်နေသည့်အပြင် သံဆူးကြိုးများ ဆားငန်လေနှင့် ဆားငန်ရေဒဏ်မခံနိုင်
ခြင်းတို့ကြောင့် အုတ်တံတိုင်း မြင့်မြင့် ခတ်စေလိုကြောင်း၊ နယ်စပ်ခြံစည်းရိုးကို အဆင့်မြှင့်တင်
စေလိုကြောင်း၊ ဒေသခံပြည်သူအားလုံးကလည်း နယ်စပ်ခြံစည်းရိုးကို စနစ်တကျအဆင့်မြှင့်တင်
စလိုကြောင်း၊ သို့မှသာ နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးကို ပိုမိုဆောင်ရွက်နိုင်ပြီး နယ်စပ်
ဖြတ်ကျော် မှုခင်းများကိုလည်း အချိန်နှင့် တပြေးညီ ဖော်ထုတ်ကာကွယ်နိုင်မည် ဖြစ်ကြောင်း
မောင်တောမြို့မှ မြို့မိမြို့ဖ ဦးမောင်ဦးသာက ပြောကြားခဲ့သည်။

ခြံစည်းရိုးပျက်စီးမှုများကို ပြည်ထဲရေးဝန်ကြီးဌာနထံ တင်ပြထားပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ
တစ်ဆင့် ရန်ပုံငွေချထားပေးမည် ဖြစ်ကြောင်း၊ ရန်ပုံငွေရရှိမှုပေါ် မူတည်ပြီး ပြင်ဆင်ထိန်းသိမ်း
ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး နယ်စပ်ခြံစည်းရိုးအဆင့်မြှင့်တင်စေလိုသော
အပိုင်းကိုမူ နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေအရ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြုပြင်
ထိန်းသိမ်းရေးလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်လျက် ရှိပြီး အပေါက်များကိုလည်း တစ်လ
တစ်ကြိမ် နီးပါး ပြန်လည်ပြုပြင်ပေးနေကြောင်း နယ်စပ်ခြံစည်းရိုး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း
များနှင့် စပ်လျဉ်း၍ နယ်စပ်ခြံစည်းရိုးကာရံခြင်း ပထမအဆင့်တွင် ပါဝင်ခဲ့သည့် တည်ဆောက်ရေး တာဝန်ခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။