စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ကျပ်သိန်းပေါင်း တစ်သိန်းခန့်
အကုန်အကျခံ၍ တည်ဆောက်မည့် သီတဂူဗုဒ္ဓတက္ကသိုလ်တည်ဆောက်ခြင်းလုပ်ငန်းများ
ကို ယခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်သွား
မည် ဖြစ်ကြောင်း IBEC ဆရာတော် ဦးသောဘိတမှ မိန့်ကြားချက်ကို ကိုးကားကာ မြဝတီ
သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၁ ရက်က ဖော်ပြထားသည်။
အဆိုပါ ကျွန်းလှမြို့ သီတဂူဗုဒ္ဓတက္ကသိုလ်ကို သီတဂူအဓိပတိ ဆရာတော် ဒေါက်တာအရှင်
ဉာဏိဿရ လမ်းညွန်မှုဖြင့် ငါးကျမ်းပြန်ဆရာတော် ဒေါက်တာဓမ္မပိယ က ပါမောက္ခချူပ် ပြုလုပ်ပြီး
IBEC ဆရာတော် အရှင် သောဘိတမှ ဦးစီးဆောင်ရွက်ကာ ကျွန်းလှမြို့ရှိ မြေဧရိယာ ၃၀ ဒသမ
၀၇ ဧက ပေါ်တွင် တည်ဆောက်သွားမည် ဖြစ်သည်။ ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်း
များကို ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စတင်လုပ်ဆောင်သွားမည် ဖြစ်ပြီး ၅ နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအားဖြင့် ခက်ခဲနေသေးသော အထက်
မြန်မာပြည်ဒေသမှ ပြည်သူလူထုသည် ပညာရေးအားဖြင့် နိမ့်ကျနေသေးသဖြင့်၊ ဗုဒ္ဓစာပေတစ်ခု
တည်း မဟုတ်ဘဲ ခေတ်အမြင်ကိုပါ ပေါင်းကူးသင်ကြားတဲ့ ပညာရေးစနစ်ကို ဖော်ဆောင်လိုခြင်း
ဖြစ်ကြောင်း၊ အဓိကအားဖြင့် အနာဂတ်ကာလတွင် တိုင်းပြည်၏ လူသားအရင်းအမြစ်များ အစွန်း
ရောက်ခြင်း ကင်းဝေးပြီး ဗုဒ္ဓ၏ နည်းလမ်းအတိုင်း အလယ်အလတ်လမ်းမှ သွားနိုင်မည့် ပညာတတ်
များအဖြစ် မွေးထုတ် ပေးနိုင်ရန် ဖြစ်ကြောင်း IBEC ဆရာတော် ဦးသောဘိတမှ မိန့်ကြားသည်။
ကျွန်းလှမြို့၊ ဗုဒ္ဓတက္ကသိုလ်ကြီးအား မြေဧရိယာ ၃၀ ဒသမ ၀၇ ဧက ပေါ်တွင် ယူ ပုံသဏ္ဍာန် တည်
ဆောက်သွား မည် ဖြစ်ပြီး ပေ (၂၈၀×၂၀၀) အကျယ်အဝန်းရှိမည့် ဘွဲ့နှင်းသဘင် ခန်းမဆောင်ပါ
သုံးထပ်အဆောက်အဦး တစ်လုံး၊ ပေ (၆၀ × ၈၀) အကျယ်အဝန်း ရှိမည့် နှစ်ထပ် စာသင်ဆောင်၊
နှစ်ထပ် ကျောင်းဆောင် ၁၈ လုံး စသည်တို့ကို စုစုပေါင်းကုန်ကျငွေမှာ ကျပ်သိန်းပေါင်း ၁ သိန်းခန့်
ကုန်ကျခံကာ တည်ဆောက်သွားမည်ဟု ခန့်မှန်းထားကြောင်း ဆရာတော်၏ မိန့်ကြားချက်အရ
သိရသည်။
ကျွန်းလှမြို့တွင် သီတဂူဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မည်
ဖြစ်သဖြင့် စေတနာရှင်၊ အလှူရှင်များအနေဖြင့် ဆက်သွယ်လှူဒါန်းလိုပါက ဗုဒ္ဓတက္ကသိုလ် တည်
ဆောက်ရေးကော်မတီ ၀၉ ၄၀၂၆၃၃၄၈၆၊ ၀၉ ၄၀၂၅၆၃၁၁၆ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်
ကြောင်း သိရသည်။










