မောင်တောမြို့၌ ရခိုင်ရိုးရာ ရထားဆွဲပွဲတော် ကျင်းပမည်

မောင်တောမြို့၌ ရခိုင်ရိုးရာ ရထားဆွဲပွဲတော် ကျင်းပမည်

ရခိုင်ရိုးရာရထားဆွဲပွဲတော်ကို မောင်တောမြို့၌ မြန်မာသက္ကရာဇ် ဖေဖော်ဝါရီလ ၉ ရက်၊
၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် မောင်တောမြို့ စည်ပင်သာယာစျေး အရှေ့ဘက် မင်း
ဘာကြီးလမ်း တလျှောက်၌ ကျင်းပသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂ ရက်က ဖော်ပြထားသည်။

ရခိုင်ရိုးရာရထားဆွဲပွဲတော်ကို မောင်တောဒေသခံပြည်သူများ၏ ဆန္ဒနှင့်အညီ ကျင်းပလို
ကြောင်း၊ ပွဲတော်ကျင်းပရေးကော်မတီများလည်း ဖွဲ့စည်းထားပြီး လုံခြံုရေးအတွက် နယ်
မြေခံရဲတပ်ဖွဲ့၊ နယ်ခြား စောင့် ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ပြည်သူ့အင်အားများ ရယူကာ လုံခြံုရေးအကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မောင်တောခရိုင်
စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်က ပြောကြားခဲ့သည်။

အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားလက္ခဏာများ
မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိမ်မြုပ်ပျောက်ကွယ်လု ဖြစ်နေသော
ရိုးရာ ပွဲလမ်းသဘင် များ စည်ကားသိုက်မြိုက်စွာ ကျင်းပလာနိုင်ရေး၊ မျိုးဆက်သစ်လူငယ်
များ အတွေ့အကြံု ဗဟုသုတ တိုးပွားစေပြီး ရိုးရာအစဉ်အလာပွဲတော်များအား ဆက်လက်
ထိန်းသိမ်းရေးနှင့် တိုင်းရင်းသားလူမျိုး အချင်းချင်း မိမိတို့ရိုးရာ ဓလေ့စရိုက်လက္ခဏာများ
ကို သိရှိရပြီး အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းပါ၀င်ဆင်နွှဲနိုင်ရေး ဟူသည့် ရည်ရွယ်
ချက်များဖြင့် ရခိုင်ရိုးရာ ရထားဆွဲပွဲတော်ကို ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။