သံလွင်မြစ်ရေတိုက်စားမှု ကာကွယ်ရန် ရေတားတံမံတည်ဆောက်ရေး လုပ်ငန်းစတင်

သံလွင်မြစ်ရေတိုက်စားမှု ကာကွယ်ရန် ရေတားတံမံတည်ဆောက်ရေး လုပ်ငန်းစတင်

သံလွင်မြစ်ရေတိုက်စားမှုကာကွယ်ရေးအတွက် ရေတားတမံတည်ဆောက်ခြင်းလုပ်ငန်း
စတင်ခြင်း အခမ်းအနားကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ဘားအံ
မြို့နယ်၊ မုက္ကဒိကျေးရွာ၊ သံလွင်မြစ်ကမ်းနဖူး၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန
၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂ ရက်က ဖော်ပြထားသည်။

အခမ်းအနားတွင် ရှေ့ပြေးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စပ်လျဉ်း
၍ ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးသိန်းလင်းနှင့် JICA ခေါင်းဆောင် မစ္စတာဟရှီမိုတိုတို့က ရှင်းလင်းပြောကြားခဲ့ပြီး Mr.
Murooka က Survery ပစ္စည်း စာရင်းများအား ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့
သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာများ၊
JICA ရုံးချုပ် တိုကျိုနှင့် ရန်ကုန်ရုံးမှ အရာရှိ များ၊ ကျေးရွာသူကျေးရွာသားများက သံလွင်မြစ်ရေ
တိုက်စားမှုကာကွယ်ရန်အတွက် တစ်ခုလျှင် ပေ ၁၅၀ရှိ ရေကာ ၃ ခု ပါ၀င်သော အလျား ၅၁၅
ပေရှိ မြစ်ရေတားတမံလုပ်ငန်း စတင်ဆောင်ရွက်မှုအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထို့နောက် ခဲတောက်-မုက္ကဒိ ကားလမ်း သံလွင်မြစ်ကမ်းနဖူးရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်း
များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော အလျား ၄၂၀ ပေရှိ ဘိုးပိုင်အခြေပြု
သံခြင်း ကျောက်စီတမံ တည်ဆောက်သည့် လုပ်ငန်းခွင်နှင့် ပေ ၂၇၀ ရှိ ဘိုးပိုင် အခြေပြု သံခြင်း
ကျောက်စီတမံ တည်ဆောက်ရေးလုပ်ငန်းခွင်တို့အား ကြည့်ရှု့ခဲ့သည်ဟု ဆိုိသည်။