တီဘီနှင့် ဆေးယဉ်ပါးတီဘီလူနာ များအတွက် ပြင်ပလူနာဌာနသစ်များကို ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ဖွင့်လှစ်မည်

တီဘီနှင့် ဆေးယဉ်ပါးတီဘီလူနာ များအတွက် ပြင်ပလူနာဌာနသစ်များကို ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ဖွင့်လှစ်မည်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် 3MDG တို့ ပူးပေါင်း၍ တီဘီနှင့် ဆေးယဉ်ပါးတီဘီ
လူနာများအတွက် အထူးကြပ်မတ်ကုသပေးရန် ပြင်ပလူနာဌာနသစ်များကို ရန်ကုန်နှင့် မန္တလေး
မြို့တို့၌ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦး
၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၂ ရက်က ဖော်ပြ
ထားသည်။

ထိုသို့ အသစ်တည်ဆောက်မည့် ပြင်ပလူနာဌာနများ၌ တီဘီရောဂါ ရှာဖွေဖော်ထုတ်ခြင်းနှင့် လူနာ
များအတွက် ဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပြီး လူနာများမှာ တီဘီရောဂါ စစ်ဆေး
နိုင်ခြင်း၊ တီဘီရောဂါ အကြောင်း မေးမြန်းနိုင်ခြင်းနှင့် လိုအပ်သော ဆေးကုသမှုများကို ချက်ချင်းရယူ
နိုင်ခြင်း စသည့် ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ရရှိမည် ဖြစ်သည်။ တီဘီရောဂါ တိုက်ဖျက်ရေး
နှင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် 3MDG က အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်း
ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြင်ပလူနာဌာနသစ်ကို ၂ဝ၁၈ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ရန် လျာထားပြီး တစ်နေ့လျှင် လူနာ
ဦးရေ ၁ဝဝ မှ ၁၅ဝ ခန့်ကြည့်ရှု ပေးမည်ဖြစ်ကာ တစ်ပတ် လျှင် ငါးရက်ဖွင့်လှစ်မည် ဖြစ်ကြောင်း၊
အထူးကြပ်မတ်ကုသရန် လိုအပ်သော တီဘီလူနာများနှင့် ဆေးယဉ်ပါး တီဘီလူနာများကို အဆိုပါ
ဌာနသို့ လွှဲပြောင်းပို့နိုင်မည်ဖြစ်ကြောင်း၊ ပြင်ပလူနာဌာနမှာ လေးထပ် အဆောက်အအုံ ဖြစ်ပြီး တီဘီ
ရောဂါဆိုင်ရာ ဓာတ်ခွဲခန်း၊ ဆေးဝါးသိုလှောင်ခန်း၊ ဆေးပေးခန်း၊ ဓာတ်မှန်ခန်း၊ နှစ်သိမ့် ဆွေးနွေးခန်း
နှင့် အရေးပေါ်ခန်းတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။