မြို့ဝင်ကြေး ပြန်လည်ကောက်ခံရန် ဧပြီလအတွင်း ဆုံးဖြတ်သွားမည်

မြို့ဝင်ကြေး ပြန်လည်ကောက်ခံရန် ဧပြီလအတွင်း ဆုံးဖြတ်သွားမည်

ရန်ကုန်မြို့အတွင်းသို့ ဝင်ရောက်မည့် နယ်ကားများကို မြို့ဝင်ကြေးပြန်လည်ကောက်ခံရန်
ဧပြီလအတွင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်
ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၂
ရက်က ဖော်ပြထားသည်။

မြို့ဝင်ကြေးကောက်ခံခြင်းသည် အစိုးရ၏ ဘတ်ဂျက်နှင့် သက်ဆိုင်သောကြောင့် လွှတ်တော်
ကိုယ်စားလှယ် များနှင့် ဆွေးနွေးခြင်းနှင့် အစိုးရအဖွဲ့ဝင်များ ဆွေးနွေးခြင်းတို့ ပြုလုပ်ပြီးမှသာ
ဆုံးဖြတ်မည် ဖြစ်ကာ ယခင်က ရန်ကုန်မြို့၌ မြို့ဝင်ကြေးကောက်ခံခြင်းကို သုံးလကျော် ဆောင်
ရွက်ပြီး ပြန်လည်ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့ဝင်ကြေးကောက်ခံခြင်းသည် ရန်ကုန်မြို့အတွင်း ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်
ဆို့မှုကို လျှော့ချ ရန် ကောင်းမွန်သော ဆုံးဖြတ်ချက်ဖြစ်သော်လည်း ယာဉ်အသုံးပြုသူများအတွက်
ကုန်ကျစရိတ် ပိုမိုများပြား နိုင်ပြီး အလုပ်ပိုစေနိုင်ကြောင်း ရန်ကုန်မြို့ရှိ မော်တော်ယာဉ်တင်သွင်း
ရောင်းချသူများက သုံးသပ်ကြသည်။

၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်းကလည်း မန္တလေးမြို့၌ မြို့ဝင်ကြေးကောက်ခံခြင်းကို ရန်ကုန်မြို့ကဲ့သို့
စတင်ခဲ့ရာ အများစု၏ ဝေဖန်ပြောဆိုမှုများကြောင့် လေးရက်သာ ကောက်ခံပြီး ရပ်ဆိုင်းခဲ့ရကာ
ယခင် ပုံမှန်ကောက်ခံနေသည့် လမ်းတံတားအသုံးပြုခ မြို့ဝင်ဘီးခွန်များကိုသာ ဆက်လက်
ကောက်ခံလျက် ရှိသည်။