လားဟူ၊ ဝ နှင့် လီဆူတိုင်းရင်းသားများ စုပေါင်းပြုလုပ်သည့် ရိုးရာ ယဉ်ကျေးမှု နှစ်သစ်ကူး
ပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်ဝိုင်
(အောက်) ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၂ ရက်က
ဖော်ပြထားသည်။
အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေးနှင့် တာဝန်ရှိသူ
များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ
တက်ရောက်ခဲ့ကြပြီး ရိုးရာ ယဉ်ကျေးမှု နှစ်သစ်ကူးပွဲတော်ကို ဖွင့်လှစ်ကာ လက်ဆေးမင်္ဂလာ
ယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရေးအတွက် တိုင်းမှူးက အလှူငွေများ ပေးအပ်ပြီး
တက်ရောက်လာကြသူများနှင့်အတူ တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုများကို
ကြည့်ရှုအားပေးခဲ့ကြသည်။










