မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်လှစ်

မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ပါဒစေတီတော်
ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရင်ပြင်တော်၌
ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ
လ ၂ ရက်က ဖော်ပြထားသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ တိုင်း
ဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော အကြီးအကဲများက အောက်စက်တော်ရာအလင်း
ပေါက် ဖန်အုပ်ဆောင် တော်နှင့် အထက်စက်တော်ရာ ပါဒစေတီတော်မြတ်တို့ကို ဖွင့်
လှစ်၍ ရွှေသင်္ကန်းတော်ဆက်ကပ် ပူဇော်ကာ သံဃာတော်အရှင်သူမြတ်တို့က တံခွန်၊
ကုက္ကားများ ဆက်ကပ်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင်လှူခဲ့ကြောင်း သိရသည်။

မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁ ရက်(၁၃၇၈
ခုနှစ် တပို့တွဲ လဆန်း ၅ ရက်) မှ ဧပြီ ၁၇ရက် (မြန်မာ နှစ်ဆန်း ၁ ရက်) ထိ စည်ကား
သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်ဟု ဆိုသည်။