ကျေးလက်လမ်းများ အချိန်မရွေးသွားလာနိုင်ရေးကို ၂၀၃၀ ပြည့်နှစ်တွင် ၈၀ ရာခိုင်နှုန်း ပြီးမြောက်အောင် ဆောင်ရွက်မည်

ကျေးလက်လမ်းများ အချိန်မရွေးသွားလာနိုင်ရေးကို ၂၀၃၀ ပြည့်နှစ်တွင် ၈၀ ရာခိုင်နှုန်း ပြီးမြောက်အောင် ဆောင်ရွက်မည်

မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်လမ်းများကို အချိန်မရွေးသွားလာ၍ ရသော လမ်းများဖြစ်ရန်
၂ဝ၃ဝ ပြည့်နှစ်တွင် ၈ဝ ရာခိုင်နှုန်း ပြီးမြောက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း စိုက်ပျိုး
ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၃ ရက်က ဖော်ပြ
ထားသည်။

မြန်မာတစ်နိုင်ငံလုံးရှိ လမ်းများဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသောကြောင့် နိုင်ငံတကာ အကူ
အညီများ၊ အစိုးရ ဘတ်ဂျက်များနှင့် ပူးပေါင်းကာ ၂ဝ၃ဝ တွင် ကျေးလက်လမ်းများကို အချိန်
မရွေးသွားလာနိုင်သည့် လမ်းများအဖြစ် ၈ဝ ရာခိုင်နှုန်း ပြီးမြောက်အောင် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး
က ဇန်နဝါရီ ၃၁ ရက်တွင် မကွေးမြို့၌ ကျင်းပသည့် ကျေးလက် လမ်း၊ တံတားများ ဖွံ့ဖြိုးရေး
ဆိုင်ရာ မဟာဗျူဟာမူဘောင်ရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးရေး စီမံကိန်းကို လာမည့် မတ်လတွင် ရေးဆွဲ အကောင်
အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပြီး လမ်းများ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းတွင် မိုင်
ပေါင်း ၆၆ဝဝ အသစ် ဖောက် လုပ်ရမည် ဖြစ်ကြောင်း၊ မိုင်ပေါင်း ၂၆ဝဝဝ ကိုလည်း အဆင့်
မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ပြီး လမ်းပြင်ဆင် ခြင်းအတွက် စုစုပေါင်းကုန်ကျငွေ အမေရိကန်
ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ ကုန်ကျနိုင်သည်ဟု ဆိုသည်။

ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ (မူကြမ်း)နှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့်
ပြည်နယ်များတွင် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပကာ အကြံဉာဏ်ရယူနေပြီး ကျေးလက်လမ်း
များ ဖွံ့ဖြိုးတိုးတက် ကောင်း မွန်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ နည်းပညာအကူ
အညီ ရယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ ကျေးလက်လမ်းများ၏
လက်ရှိအခြေအနေသည် ၃၄ ရာခိုင်နှုန်းသော လမ်းများသာ ကောင်းမွန်ပြီး ၆၆ ရာခိုင်နှုန်းမှာ
နွေရာသီအချိန်၌သာ သွားလာနိုင်ကြောင်း သိရသည်။