(၇၂)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၄) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊
လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်တွင် နေပြည်တော်ရှိ စစ်
ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပခဲ့ကြောင်း မြဝတီသတင်းတစ်ရပ်တွင်
ဖေဖော်ဝါရီလ ၃ ရက်က ဖော်ပြထားသည်။
အခမ်းအနားအစီအစဉ်အရ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား
အလေးပြုကြပြီးနောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး
နောက် တပ်မတော် ဂုဏ်ပြု စစ်တီးဝိုင်းအဖွဲ့က သရုပ်ပြတီးခတ်ဖျော်ဖြေရာ တပ်မတော်
လေ့ကျင့်ရေးအရာရှိချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၂)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၄)ကြိမ်မြောက် တပ်မတော် (ကြည်း၊
ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး
စစ်တီးဝိုင်းအဖွဲ့ပေါင်း ၅၈ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြမည်ဟု ဆိုသည်။










