နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ

နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်
မင်းမြတ် ပရယ်ဘတ် ဆမ်ဒက်ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ
ကမ္ဘောဒီယားနိုင်ငံ၌ ချစ်ကြည်ရေး ခရီးလည်ပတ်ရန် ဖေဖော်ဝါရီလ ၃ ရက်တွင် နေပြည်
တော်မှ မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် ထွက်ခွာသွားကြောင်း ပြန်ကြားရေးဝန်ကြီး
ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၃ ရက်က ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊  ဒုတိယသမ္မတ
ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ဇနီး၊ နေပြည်တော်တိုင်း စစ်
ဌာနချုပ်တိုင်းမှူး၊မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.So
BUNNA နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်
ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးအုန်းဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ
လိုက်ပါသွားသည်ဟု ဆိုသည်။