ရန်ကုန်မြို့တွင်း မီးလောင်မှု ဖြစ်စဉ်ကို ကြိုတင် သိရှိစေနိုင်မည့် စောင့်ကြည့် ကင်မရာများ ထပ်မံတပ်ဆင်ရန် မြို့နယ် အဆောက်အအုံများ ရွေးချယ်နေ

ရန်ကုန်မြို့တွင်း မီးလောင်မှု ဖြစ်စဉ်ကို ကြိုတင် သိရှိစေနိုင်မည့် စောင့်ကြည့် ကင်မရာများ ထပ်မံတပ်ဆင်ရန် မြို့နယ် အဆောက်အအုံများ ရွေးချယ်နေ

ရန်ကုန်မြို့အတွင်း မီးလောင်မှုဖြစ်စဉ်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရေး စောင့်ကြည့်
ကင်မရာများ ထပ်မံတပ်ဆင်ရန် မြို့နယ်အဆောက်အအုံများကို ရွေးချယ်နေကြောင်း မြန်မာနိုင်ငံ
မီးသတ်ဗဟိုဌာနချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်
တွင် ဖေဖော်ဝါရီလ ၃ ရက်က ဖော်ပြထားသည်။

အဆိုပါ စောင့်ကြည့်ကင်မရာများသည် ၃၆ဝ ဒီဂရီ မြင်ကွင်းကျယ်အမျိုးအစား ဖြစ်သည့်အတွက်
သိသာစွာ မြင်တွေ့နိုင်မည် ဖြစ်ပြီး ပွင့်လင်းရာသီသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် မီးဘေး
အန္တရာယ်ကာကွယ်မှုများကို ကြိုတင်ဆောင်ရွက်ထားနိုင်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက်
ရန်ကုန်တစ်မြို့လုံးကို လွှမ်းခြံုနိုင်စေမည့် နေရာ ရ နေရာ၌ ထပ်မံတပ်ဆင်နိုင်ရန် နေရာရွေးချယ်
မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် စောင့်ကြည့်ကင်မရာတပ်ဆင်မှုအနေဖြင့် ရန်ကုန်မြို့ရှိ အဆောက်အအုံ ငါးခုဖြစ်သော
ဆူးလေ ရှန်ဂရီလာဟိုတယ်၊ ဆာကူရာတာဝါ၊ မြဝတီတာဝါ၊ ရှစ်မိုင်တာဝါနှင့် ဘုရင့်နောင်တာဝါတို့၌
စောင့်ကြည့် ကင်မရာ ၂ လုံးစီ တပ်ဆင်အသုံးပြုလျက် ရှိပြီး တစ်မြို့လုံးကို လွှမ်းခြံုကြည့်ရှုနိုင်ရန်
အလေးထားဆောင်ရွက် သွားမည် ဖြစ်သည်။ ယခုနှစ်တွင် ကင်မရာနှစ်လုံး တပ်ဆင်ထားသော
အဆောက်အအုံများမှ တစ်လုံးစီ ပြန်လည်ယူဆောင်၍ ထပ်မံ တည်ဆောက်ထားသော အထပ်မြင့်
အဆောက်အအုံများ၌ ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ကြောင်း၊ မီးဘေး အန္တရာယ်ဖြစ်ပွားပါက
မီးငြိှမ်းသတ်ရာတွင် လိုအပ်သော ခေတ်မီပစ္စည်းကိရိယာများကိုလည်း ဝယ်ယူ ဖြည့်တင်းထားပြီး
နိုင်ငံတကာကလည်း အကူအညီများ ပေးနေကြောင်း သိရသည်။