မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်အစိုးရအဖွဲ့မှ ဦးစီး၍ မွန်ပြည်နယ် ဟိုတယ်
လုပ်ငန်းရှင်များ အသင်းက အဓိက ကူညီပံ့ပိုးပြီး မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်
စေရန်နှင့် မွန်ပြည်နယ်၏ ရှုခင်းများကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ 'မွန်ပြည်နယ်ရှုခင်း
အလှ' ခေါင်းစဉ်ဖြင့် ရောင်စုံဓါတ်ပုံ ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖော်ပြထားသည်။
ပြိုင်ပွဲစည်းကမ်းချက်များနှင့် ပြိုင်ပွဲဝင်ပုံစံများကို မွန်ပြည်နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့
ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်/မြို့နယ်ရုံးများနှင့် ရတနာမြိုင်-ရုပ်သံ/ရုပ်ရှင်/တေး ဖြန့်ချိ
ရေး၊ ဗီဒီယို/ဓါတ်ပုံ ရိုက်ကူး ရေးနှင့် စတူဒီယို၊ မော်လမြိုင်မြို့တွင် ထုတ်ယူနိုင်ပြီး ပြိုင်ပွဲ
၀င်ပုံများကို ၂၀၁၇ခုနှစ်၊ မတ်လ၊ (၇)ရက် နေ့၊ ညနေ(၄)နာရီ နောက်ဆုံးထား၍ ပေးပို့
ရမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ မည်သူမဆို ပါ၀င် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူများကို ပထမဆု ကျပ်(၁၀)သိန်း၊ ဒုတိယဆု ကျပ်(၇)သိန်း၊
တတိယဆု ကျပ်(၅)သိန်းနှင့် နှစ်သိမ့်ဆု ကျပ်(၁)သိန်း ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုပေးပွဲ
ကို (၄၃)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရာ ပြည်နယ်
ခန်းမတွင် ပြုလုပ်သွားမည် ဖြစ်သည်။









