မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ဆဋ္ဌမအကြိမ် တိုင်းရင်းသားလူမျိုးစုများ စျေးရောင်းပွဲတော် ကျင်းပမည်

မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ဆဋ္ဌမအကြိမ် တိုင်းရင်းသားလူမျိုးစုများ စျေးရောင်းပွဲတော် ကျင်းပမည်

နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆဋ္ဌမအကြိမ်မြောက်
တိုင်းရင်းသားလူမျိုးစုများ စျေးရောင်းပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်
မြို့နယ်၊ မန္တလာသီရိအားကစားကွင်း၌ ဖေဖော်ဝါရီ ၁ဝ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်
ဖြစ်ကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၃ ရက်က ဖော်ပြထားသည်။

အဆိုပါ စျေးရောင်းပွဲတော်တွင် ကချင်၊ ကရင်၊ ကယန်း၊ ကိုးကန့်၊ ချင်း၊ တအာင်း၊ တောင်ရိုး၊
ဓနု၊ နာဂ၊ ပအိုးဝ်၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရှမ်းနီ၊ အင်းသား စသည့် ပြည်ထောင်စုနွယ်ဖွား
တိုင်းရင်းသားလူမျိုးစုများ၏ ဒေသ ထွက်ကုန်များ၊ ရိုးရာအသုံးအဆောင်များ၊ ရိုးရာ အစား
အစာများကို တစုတဝေးတည်း ရောင်းချမည် ဖြစ်သည့်အပြင် တိုင်းရင်းသားရိုးရာ အကပဒေသာ
များဖြင့်လည်း ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း သိရသည်။