သြစတြေးလျနိုင်ငံ Aus Heritages အဖွဲ့မှ သင်ကြားပေးသည့် နည်းလမ်းများအတိုင်း ပြတိုက်များရှိ ရှေးဟောင်း ပစ္စည်းများကို ထိန်းသိမ်းသွားမည်

သြစတြေးလျနိုင်ငံ Aus Heritages အဖွဲ့မှ သင်ကြားပေးသည့် နည်းလမ်းများအတိုင်း ပြတိုက်များရှိ ရှေးဟောင်း ပစ္စည်းများကို ထိန်းသိမ်းသွားမည်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ပြတိုက်များမှ ရှေးဟောင်းယဉ်ကျေးမှု
ပစ္စည်းများကို ကာလကြာရှည်စွာ ထိန်းသိမ်းနိုင်ရန် သြစတြေးလျနိုင်ငံမှ အောင်မြင်ကျော်ကြား
သည့် Aus Heritages အဖွဲ့မှ သင်ကြားပေးသည့် နည်းလမ်းများအတိုင်း ယခုနှစ်လယ်ပိုင်းတွင်
စတင်ကာ ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား
ချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၃ ရက်က ဖော်ပြထားသည်။

ပြည်တွင်းရှိ ပြတိုက်များတွင် ရှေးဟောင်းပစ္စည်းများကို တာရှည်ခံအောင် မထိန်းသိမ်းပါက
တဖြည်းဖြည်း အနည်းနှင့် အများ ပျက်စီးဆုံးရှုံးမှုများနှင့် ကြံုလာနိုင်သောကြောင့် ပြည်ပ
အဖွဲ့အစည်းတစ်ခု၏ အကူအညီယူ ကာ ထိန်းသိမ်းစောင့်ရှောက်သွားမည် ဖြစ်ကြောင်း
၄င်းက ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံမှ အဆိုပါ Aus Heritages အဖွဲ့သည် ပြတိုက်များမှ တာဝန်ရှိသူများနှင့်
ထိန်းသိမ်း စောင့်ရှောက်မည့် သူများအား ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းရာတွင်
အသုံးပြုရသည့် အကူပစ္စည်းများအတွက် အမျိုးအစားအလိုက် ထားရှိမည့် အခန်းအပူချိန်
များနှင့် ခင်းကျင်းမှုပုံစံများတွင် အသုံးပြုရမည့် နည်းလမ်းများကို ဇန်နဝါရီလနောက်ဆုံးပတ်
တွင် သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်သည်။

အဆိုပါ နည်းလမ်းများကို အသုံးပြု၍ ပြတိုက်မှ တာဝန်ရှိသူများနှင့် ထိန်းသိမ်းစောင့်ရှောက်မှု
ပြုလုပ်မည့်သူများက ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကို ကာလ ကြာရှည်စွာ ထိန်းသိမ်းမှု
ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။