YBS မှ ညပိုင်း ယာဉ်အရေအတွက် နည်းနေသေးသဖြင့် ခရီးသည်အများစုမှာ အောက်ဆိုက်ကားများကိုသာ အားကိုးနေရ

YBS မှ ညပိုင်း ယာဉ်အရေအတွက် နည်းနေသေးသဖြင့် ခရီးသည်အများစုမှာ အောက်ဆိုက်ကားများကိုသာ အားကိုးနေရ

ရန်ကုန်မြို့တွင်း၌ YBS မှ ညပိုင်းကားများ ပြေးဆွဲမည်ဟု ဆိုသော်လည်း ယာဉ်အရေအတွက်
နည်းနေသဖြင့် ခရီးသည်အများစုမှာ အောက်ဆိုက်ကားများကိုသာ အားကိုးနေရဆဲ ဖြစ်ကြောင်း ခရီးသွားပြည်သူများ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ
၃ ရက်က ဖော်ပြထားသည်။

မြောက်ဥက္ကလာပအဝိုင်းမှ မြို့ထဲသို့ လာရာတွင် ညနေ ၆ နာရီကျော်ပါက ကား မရှိသလောက် ဖြစ်
နေကြောင်း၊ အောင်မင်္ဂလာမှ ပြေးဆွဲသော ယာဉ်စီးခ ငွေကျပ် ၁ဝဝဝ ပေးရသည့် ကားလေးများကို
သာ အားကိုးပြီး သွားလာ နေရကြောင်း၊ တစ်ခါတရံတွင် ကားခ ငွေကျပ် ၅ဝဝ ဖြင့် ပြေးဆွဲသော
အောက်ဆိုက်ကားလေးများဖြင့် သွားလာရကြောင်း၊ ယခင်က လိုင်းကားများကြောင့် ကမ္ဘာအေးဘုရား
လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ခဲ့သော်လည်း ယခုအခါ လိုင်းကားမရှိသော်လည်း ညတိုင်းလိုလို
ပင် ကားလမ်း ပိတ်နေဆဲဖြစ်ကြောင်း၊ ချော်တွင်းကုန်းမှ ကုက္ကိုင်းအထိ ရောက်ရန် အချိန် တစ်နာရီ
နီးပါး ကြာမြင့်ကြောင်း၊ လမ်းကြောပိတ်ဆို့မှုမှာ ယခင်ကထက် ပိုမို ဆိုးနေကြောင်း ကုမ္ပဏီဝန်ထမ်း
မရီရီမြင့်က ပြောကြားခဲ့သည်။

ထို့ပြင် ဆူးလေမှ သခင်မြပန်းခြံအထိ ပြေးဆွဲသည့် YBS အမှတ် ၅၇ နှင့် ၅၈ ယာဉ်လိုင်းများမှာလည်း
ညနေပိုင်း တွင် ယာဉ်အစီးရေ အလွန်နည်းပါးသဖြင့် အခက်အခဲ ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသ
ကြီး အလုံမြို့နယ် စောရန်ပိုင်ရပ်ကွက်နေ ဦးစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။

ဆူးလေမှ ထော်လီကွေ့သို့ အပြန်တွင် အောက်ဆိုက်ကားဖြင့်သူ ညတိုင်း ပြန်ရကြောင်း၊ YBS ကို
စီးနင်းမည် ဆိုပါက ဆူးလေမှ သခင်မြပန်းခြံထိ ငွေ ၁ဝဝ ကျပ်၊ ထိုမှတဆင့် ထော်လီကွေ့မှတ်တိုင်သို့
တစ်မှတ်တိုင်ခရီးကို ၂ဝဝ ကျပ်ပေးကာ နှစ်ဆင့်စီးရကြောင်း၊ အောက်ဆိုက်ကားမှာမူ တိုက်ရိုက်ရောက်
ပြီး ငွေကျပ်၂ဝဝ သာ ပေးရကြောင်း ဦးစိုးဝင်းက ဆိုသည်။