မောင်တောခရိုင်၊ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် မောင်တောမြို့နယ်အတွင်းရှိ
လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာများသို့ စားသောက်ကုန်များ တိုက်ရိုက်
သွားရောက် ရောင်းချလျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် ဖေဖော်ဝါရီလ ၃ ရက်က ဖော်ပြထားသည်။
မောင်တောဒေသမြောက်ပိုင်းရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကျေးလက်နေ
ပြည်သူများ စား သောက်ကုန်ဝယ်ယူရာတွင် အဆင်ပြေစေရန် ရည်ရွယ်ပြီး ခရိုင်စီမံ
ခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် မောင်တောမှ စျေးကားများ စီစဉ်ရောင်းချပေးခြင်း
ဖြစ်ကြောင်း၊ ထိုသို့ သွားရောက်ရောင်းချနိုင်ရန် အတွက် ကြိမ်ချောင်း၊ ငါးခူရ၊ ခမောင်း
ဆိပ်၊ တမန်းသားနှင့် တောင်ပြိုလက်ဝဲ စသည့် နယ်မြေငါးခု သတ်မှတ်ထားကြောင်း၊
ကြိမ်ချောင်းနယ်မြေတွင် ကျေးရွာ ၁၃ ရွာ၊ ငါးခူရ နယ်မြေတွင် ၁၈ ရွာ၊ ခမောင်းနယ်မြေ
တွင် ၁ဝ ရွာ၊ တမန်းသားနယ်မြေတွင် ရှစ်ရွာနှင့် တောင်ပြိုလက်ဝဲနယ်မြေတွင် ၁၅ ရွာ
ရှိကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်
ကျော်ဦး က ပြောကြားခဲ့သည်။
စျေးသွားရောက်ရောင်းချရာတွင် ကြိမ်ချောင်းနယ်မြေများသို့ တနင်္လာနေ့၊ ငါးခူရနယ်မြေ
များသို့ အင်္ဂါ နေ့၊ ခမောင်း ဆိပ်နယ်မြေများသို့ ဗုဒ္ဓဟူးနေ့၊ တမန်းသားနယ်မြေများသို့ ကြာသပတေးနေ့နှင့် တောင်ပြိုလက်ဝဲနယ်မြေများသို့ သောကြာနေ့များတွင် သွားရောက်
ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။










