ဇန်နဝါရီ ၁၆ ရက်မှ ဇန်နဝါရီလကုန်အထိ YBS ယာဉ်လိုင်းများကို တိုင်ကြားမှု ၁၃၀၀ နီးပါးရှိ

ဇန်နဝါရီ ၁၆ ရက်မှ ဇန်နဝါရီလကုန်အထိ YBS ယာဉ်လိုင်းများကို တိုင်ကြားမှု ၁၃၀၀ နီးပါးရှိ

YBS ယာဉ်လိုင်းစနစ်သစ် စတင်ပြေးဆွဲခဲ့သည့် ဇန်နဝါရီ ၁၆ ရက်မှ ဇန်နဝါရီလကုန်အထိ
ကောက်ခံရရှိသော စာရင်းများအရ YBS ယာဉ်လိုင်းများကို တိုင်ကြားမှု ၁၃ဝဝ နီးပါး ရှိကြောင်း
YBS Complain Center ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်
၀ါရီလ ၆ ရက်က ဖော်ပြထားသည်။

ထိုသို့ တိုင်ကြားမှုများအနက် ငါးပုံတစ်ပုံသည် ယာဉ်လိုင်းများ စည်းကမ်းဖောက်ဖျက်ခြင်းကို
တိုင်ကြားမှုများ ဖြစ်ပြီး ယာဉ်ခေါင်းခန်းထိုင်ခုံနေရာအတွက် ယာဉ်စီးခ ပိုမိုကောက်ခံခြင်း၊
သတ်မှတ်ချိန်အထိ ပြေးဆွဲပေးမှု မရှိခြင်းနှင့် ဂိတ်ဆုံးအထိ ပြေးဆွဲပေးမှု မရှိခြင်းတို့လည်း
ပါဝင်နေကြောင်း သိရသည်။

YBS ယာဉ်အချို့ ထိုသို့ သတ်မှတ်စည်းကမ်းအတိုင်း ပြေးဆွဲမှုမရှိ ဖြစ်နေခြင်းမှာ သက်ဆိုင်ရာ
ကုမ္ပဏီများ၏ စီမံခန့်ခွဲမှုအားနည်းချက်ဖြစ်ပြီး လက်ရှိအချိန်ထိ ဂိတ်ဆုံးအထိ မသွားသေးသော
ယာဉ်လိုင်းများ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး လုပ်သားများသမဂ္ဂ
ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောကြားခဲ့သည်။

“ YBS ယာဉ်လိုင်းများ၏ စည်းကမ်းပျက်မှုများကို အရေးယူဆောင်ရွက်ရန် တိုင်ကြားနိုင်သည့်
ဖုန်းနံပါတ်များကို ယာဉ်လိုင်းစနစ်သစ် စတင်ပြေးဆွဲသော ရက်တွင် ရန်ကုန်တိုင်းဒေသကြီး
သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က စတင်ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။