ပုထိုးတော်ကြီးဘုရား ထီးတော်သစ်အား လာမည့် ကဆုန်လပြည့်နေ့တွင် တင်လှူနိုင်ရန် လျာထား

ပုထိုးတော်ကြီးဘုရား ထီးတော်သစ်အား လာမည့် ကဆုန်လပြည့်နေ့တွင် တင်လှူနိုင်ရန် လျာထား

၂၀၁၅ ခုနှစ် မေလအတွင်း လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် မန္တလေးမြို့၊ မဟာဝိဇယရံသီ
ပုထိုးတော်ကြီး၏ ဘုရားထီးတော်သစ်အား လာမည့် ကဆုန်လပြည့်နေ့တွင် တင်လှူနိုင်ရန် လျာ
ထားကြောင်း အဆိုပါဘုရား ဂေါပကအဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်း
တစ်ရပ်တွင် ဖေဖော်ဝါရီလ ၆ ရက်က ဖော်ပြထားသည်။

မန္တလေးမြို့၊အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိ မဟာဝိဇယရံသီပုထိုးတော်ကြီးဘုရားမှာ ၂၀၁၅
ခုနှစ် မေလ ၈ ရက်က လေပြင်းဒဏ်ကြောင့် ထီးတော်ပန်းလည်တိုင်မှ နှစ်ပိုင်း ပြတ်ထွက်၍ စိန်ဖူး
တော်၊ ငှက်မြတ်နားတော်၊ ထီးတော်ကြီးတို့ ပျက်စီးပြီး ခရေသီးတော်ကြီး အက်ကွဲခဲ့ခြင်း ဖြစ်သည်။

ဘုရားထီးတော်သစ်အား တစ်နှစ်ကျော် ကြာမြင့်သည်အထိ ပြန်လည်တင်လှူနိုင်ခြင်း မရှိသေးရာမှ
ပင်မ ဒကာ အလှူရှင်ပေါ်ပေါက်၍ အများကောင်းမှုဖြင့် ပြန်လည်တင်လှူမည် ဖြစ်ကြောင်း၊ လာမည့်
သီတင်းပတ်တွင် လုပ်ငန်းစတင်ရန် ဆောင်ရွက်နေပြီး ထီးတော်၏ ခရေသီးတော် ပျက်စီးမှုနည်းပါက
လာမည့် ကဆုန်လပြည့်နေ့တွင် တင်နိုင်ရန် လျာထားကြောင်း အဆိုပါ ဂေါပကအဖွဲ့ ဥက္ကဌ ဦးသန်း
လွင်က ပြောကြားခဲ့သည်။

ပုထိုးတော်ကြီးဘုရားကို ကောဇာသက္ကရာဇ် ၁၁၈၁ ခုနှစ်တွင် ဘကြီးတော်စစ်ကိုင်းမင်းက တည်ထား
ကိုးကွယ်ခဲ့ ခြင်း ဖြစ်ပြီး အမရပူရမြို့၏ ဂုဏ်သရေဆောင် ကြီးမြတ်လေးဆူတွင် တစ်ဆူ အပါအဝင်
ဖြစ်ကာ ယခုအကြိမ်မှာ သတ္တမအကြိမ်မြောက် ထီးတော်သစ်တင်လှူခြင်း ဖြစ်ကြောင်း၊ ထီးတော်သစ်
ပြန်တင်လှူနိုင်ရန်အတွက် ခရေသီးတော်ပျက်စီးမှုပေါ်မူတည်၍ စုစုပေါင်း ကျပ် သိန်း သုံးထောင်ခန့်
ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားပြီး ပါဝင်လှူဒါန်းလိုသူများလည်း လှူဒါန်းနိုင်ကြောင်း အဆိုပါ ဂေါပက
အဖွဲ့က ဆိုသည်။