(၇) ကြိမ်မြောက် ဂျပန်ဖလားကရာတေးဒိုပြိုင်ပွဲကို ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစား
ပြိုင်ဝင်း မိုးလုံလေလုံ အားကစားပြိုင်ပွဲရုံ၌ မတ်လ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်
ဖြစ်ကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၆ ရက်က ဖော်ပြထားသည်။
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ
ဆိုင်ရာ ဂျပန်သံရုံးတို့၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ်က ကြီးမှူးကျင်းပ
မည့် အဆိုပါပြိုင်ပွဲတွင် အမျိုးသား၊ အမျိုး သမီး Kata(ခတ) ပြိုင်ပွဲနှင့် Kumite (ကုမိတ)
ပြိုင်ပွဲများကို အသက် ၁၈ နှစ်နှင့် အထက် ပြိုင်ပွဲ၊ အသက် ၁၆-၁၇ နှစ် ပြိုင်ပွဲ၊ အသက်
၁၄-၁၅ နှစ် ပြိုင်ပွဲနှင့် အသက် ၁၄ နှစ်အောက် အမျိုးသား၊ အမျိုးသမီး Kata (ခတ) ပြိုင်ပွဲ
များ ဟူ၍ အမျိုးအစား ခွဲခြားကျင်းပသွားမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ
အားကစားသမား ဦးရေ ၁ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း
သိရသည်။









