မြန်မာနိုင်ငံရှိ အရောင်းဆိုင်ပေါင်း ရဝဝဝ ကျော်၌် ကမ္ဘောဇဘဏ်မှ အသစ်မိတ်ဆက်လိုက်သည့်
KBZ Visa Credit Card ကို သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ ကတ်ဌာနမှ အထွေထွေ
မန်နေဂျာ ဒေါ်ဆွေဇင်ဝင်း၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်
၀ါရီလ ၆ ရက်က ဖော်ပြထားသည်။
KBZ Visa Credit Card ကိုင်ဆောင်အသုံးပြုသူတစ်ဦးသည် အနည်းဆုံးငွေကျပ် သုံးသိန်းမှ သိန်း
၅ဝ အထိ အသုံးပြုနိုင်မည်ဖြစ်ပြီး သုံးစွဲနိုင်မည့် အချိန်ကာလမှာ ရက်ပေါင်း ၄၅ ရက်ဖြစ်သည်။
သတ်မှတ်ထား သည့် ၄၅ ရက်အတွင်း မိမိအသုံးပြုထားသည့် ငွေပမာဏကို ပြန်လည်ပေးဆပ်
ပါက အတိုးပေးချေရမည် မဟုတ်ဘဲ ထိုကာလ ကျော်လွန်သွားပါက ဗဟိုဘဏ်က သတ်မှတ်ထား
သည့် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကို ပေးချေရမည် ဖြစ်ကြောင်း သိရသည်။
KBZ Visa Credit Card ကိုင်ဆောင်အသုံးပြုသူများအနေဖြင့် စားသောက်ဆိုင်များနှင့် ကုန်ပစ္စည်း
အရောင်းဆိုင်များက ပေးသည့် အထူးလျှော့စျေးအခွင့်အရေးများကို ရရှိခံစားနိုင်မည် ဖြစ်သကဲ့သို့
နိုင်ငံတကာ လေဆိပ်များ၏ စားသောက်ဆိုင်များတွင် ၅ဝ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံရှိ လေဆိပ်များ
တွင် ၁ဝ ရာခိုင်နှုန်း လျှော့စျေး ရရှိမည် ဖြစ်ကြောင်း၊ နိုင်ငံခြားခရီးသွားဧည့်သည်များအတွက်မူ ခရီးသွားအာမခံရရှိနိုင်မည် ဖြစ်ကြောင်း ဒေါ်ဆွေဇင်ဝင်းက ပြောကြားခဲ့သည်။
KBZ Visa Credit ကတ်ဖြင့် ငွေသားထုတ်ယူခြင်း၊ စားသောက်ဆိုင်များ၌ ဝယ်ယူစားသုံးခြင်းနှင့်
ကုန်ပစ္စည်း ဝယ်ယူခြင်းများ ပြုလုပ်နိုင်သကဲ့သို့ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတို့ရှိ ATM စက်များ၌
လည်း ငွေသား ထုတ်ယူ သုံးစွဲနိုင်ကြောင်း၊ Visa ၏ ဆန်းသစ်သော Pay Wave နည်းပညာ
အသုံးပြုထားသဖြင့် ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့် ငွေပေးချေမှု၊ အွန်လိုင်းမှ စျေးဝယ်ခြင်းများနှင့်
များစွာသော ဝန်ဆောင်မှုများကို ရယူနိုင်မည် ဖြစ် ကြောင်း၊ ကိုင်ဆောင်အသုံးပြုသူအနေဖြင့် နိုင်ငံ
ပေါင်း ၂ဝဝ ရှိ Visa ကတ် အသုံးပြု၍ ငွေပေးချေနိုင်သည့် နေရာပေါင်း သန်း ၄ဝ နှင့် မြန်မာနိုင်ငံရှိ
Visa ကတ်အသုံးပြု၍ ငွေ ပေးချေနိုင်သည့် နေရာပေါင်း ရဝဝဝ ကျော် တို့၌ အသုံးပြုနိုင်မည် ဖြစ်
ကြောင်း သိရသည်။










