တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားရေး ဟောပြောပွဲ မရမ်းကုန်းမြို့နယ်တွင် ပြုလုပ်

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားရေး ဟောပြောပွဲ မရမ်းကုန်းမြို့နယ်တွင် ပြုလုပ်

မရမ်းကုန်းမြို့နယ်မှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်
ဖြေဆိုမည့် ကျောင်းသား/သူများ၊ ရဟန်းသံဃာနှင့် သီလရှင်များ လွယ်ကူအောင်မြင်စွာ ဖြေဆို
နိုင်ပြီး အောင်ချက် မြင့်မားရေးအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် မြင့်မားရေး
ဟောပြောပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အထက(၁) မရမ်းကုန်းရှိ စန္ဒိမာခန်းမ၌ ကျင်းပ
ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၆ ရက်က
ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် မြို့နယ်ပညာရေးမှူးရုံးနှင့် အထက
ကျောင်းများ ပူးပေါင်းကာ အဆိုပါ ဟောပြောပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဟောပြောပွဲတွင် ရန်ကုန်
တက္ကသိုလ်မှ ပါမောက္ခဆရာမများက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာရပ်များအလိုက်
မေးခွန်းများကို ဖြေဆိုရမည့် ပုံစံနှင့် နည်းလမ်းများ၊ ကျောင်းသား/သူများ မှားယွင်း ဖြေဆိုတတ်ကြ
သည့် ပုံစံများကို ရှင်းလင်းဟောပြောခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ၊ ရဟန်းသံဃာနှင့် သီလရှင် ၉၀၀ကျော် တက်ရောက် ခဲ့ကြပြီး ဟောပြောပွဲကို ဖေဖော်ဝါရီလ ၆ရက်နေ့မှ ရ ရက်နေ့ထိ နှစ်ရက်ကြာ ပြုလုပ်သွားမည် ဖြစ်
ကြောင်း၊ ဟောပြောမည့် ဘာသာရပ်များမှာ မြန်မာ၊ အင်္ဂလိပ်၊ သချင်္ာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒဘာသာရပ်များ ဖြစ်ကြောင်း သိရသည်။