မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် လာရောက်သော နိုင်ငံခြားသားများကို
ခြောက်လမှ တစ်နှစ်အထိ နေထိုင်ခွင့်သက်တမ်း (Stay Permit) ကို ခွင့်ပြုပေးသွားရန် ရှိနေ
ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ပြည်တွင်း၌ ကုမ္ပဏီဥပဒေအရ ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဖြစ်စေ နိုင်ငံခြားသားများ
ရင်းနှီး မြှုပ်နှံ မည်ဆိုပါက ၄င်းကုမ္ပဏီ Board of Director တွင် ပါဝင်သူများ၊ ကုမ္ပဏီမှ ခန့်
ထားသူများအတွက် Stay permit လျှောက်ထားနိုင်ကြောင်း၊ ပထမတစ်ကြိမ်တွင် သုံးလ၊
ဒုတိယတစ်ကြိမ် လျှောက်ပါက ခြောက်လဖြစ်ပြီး တတိယအကြိမ် လျှောက်ထားပါက တစ်နှစ်
ခွင့်ပြုထားကြောင်း၊ လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် လာရောက်သည့် နိုင်ငံခြား
သားများကို ခြောက်လမှ တစ်နှစ်အထိ နေထိုင်ခွင့်သက်တမ်းကို ခွင့်ပြုရန် စီစဉ်နေခြင်း ဖြစ်
ကြောင်း သိရသည်။
အဆိုပါ လျှောက်ထားမှုတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ၊ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်
သမားများအတွက် နေခွင့်သက်တမ်းကို ၄င်းတို့၏ ဆန္ဒအရ ခြောက်လ (သို့မဟုတ်) တစ်နှစ်
တိုးခွင့်ပြုရန် သက်တမ်းရှိသည့် ကုမ္ပဏီ၊ မှတ်ပုံတင်ရှိသည့် ကုမ္ပဏီများ၊ Work Permit များနှင့် တင်ပြလျှောက်ထားမည်ဆိုပါက ခြောက်လမှ တစ်နှစ်အထိ တိုးမြှင့်ပေးရန် အစီအစဉ်ရှိပြီး လူ
ကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဟု ဆိုသည်။
ထို့အပြင် နိုင်ငံခြားသားအမြဲတမ်းနေထိုင်ခွင့် (PR) စနစ် လျှောက်ထားခွင့်ရှိသူများတွင်လည်း
ပညာရှင်များ၊ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံသားဟောင်းများ၊ နိုင်ငံသားများနှင့် ဇနီး/
ခင်ပွန်း၊ သားသမီး စသည့် သွေးသားတော်စပ်သူ ဟူ၍ အမျိုးအစား လေးမျိုးခွဲခြားကာ သတ်
မှတ်ဆောင်ရွက်ပေးကြောင်း၊ ယင်း စနစ် လျှောက်ထားခွင့်မရှိသူများတွင် အပြည်ပြည်ဆိုင်ရာ
ဒုက္ခသည်အဖြစ် သတ်မှတ်ခံထားရသူများ၊ ပြည်ပနိုင်ငံ တစ်ခုခုတွင် နိုင်ငံရေးခိုလှုံခွင့်ဖြင့်
နေထိုင်ရသူများနှင့် ပြည်တွင်း ပြည်ပ (သို့မဟုတ်) နိုင်ငံတကာ ပြစ်မှုမှတ်တမ်းစာရင်းရှိသူများ
ပါ၀င်ကြောင်း ဖော်ပြထားသည်။









