နားမကြားသော ကလေးများနှင့် ဆက်သွယ်ပြောဆိုနိုင်မည့် လက်သင်္ကေတပြ ဘာသာစကားသင်တန်း အခမဲ့ဖွင့်လှစ်မည်

နားမကြားသော ကလေးများနှင့် ဆက်သွယ်ပြောဆိုနိုင်မည့် လက်သင်္ကေတပြ ဘာသာစကားသင်တန်း အခမဲ့ဖွင့်လှစ်မည်

မြန်မာနိုင်ငံရှိ နားမကြားသော ကလေးများနှင့် ဆက်သွယ်ပြောဆိုနိုင်မည့် အခြေခံ
လက်သင်္ကေတပြ ဘာသာစကားသင်တန်းကို ရန်ကုန်မြို့ရှိ မေရီချက်(ပ်) မင်း
နားမကြား ကလေးများကျောင်း၌ ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်ဖွင့်လှစ်၍ အခမဲ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း မေရီချက်(ပ်)မင်း နားမကြားကလေးများကျောင်း
ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်း၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီ
သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ရ ရက်က ဖော်ပြထားသည်။

အဆိုပါသင်တန်းတွင် အသက်အရွယ်၊ ပညာအရည်အချင်းကို ကန့်သတ်မထားဘဲ
မည်သူမဆို တက်ရောက်နိုင် ပြီး ဟောင်ကောင်ရှိ Chines University ၌ လက်
သင်္ကေတဘာသာကို ပြုစုနေသည့် နားမကြား ကလေး ငါးဦး နှင့် အပြင်မှ နား
မကြားသော ကလေးတစ်ဦး စုစုပေါင်း ခြောက်ဦးတို့က ၄င်းတို့ တတ်မြောက်ထား
သည့် ပညာ များကို ဖြန့်ဝေသင်ကြားပေးသွားမည်ဟု ဆိုသည်။

သင်တန်းတွင် သင်တန်းသား ၂ဝ ဦးသာ လက်ခံမည် ဖြစ်ပြီး သင်တန်းသားများ
အနေဖြင့် သင်တန်းကာလ ၁ဝ ရက် ပြည့်အောင် တက်ရောက်သင်ယူရမည် ဖြစ်
ကြောင်း၊ တက်ရောက်လိုသူများသည် အမှတ် (၂)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်ရှိ
မေရီချက်(ပ်)မင်း နားမကြား ကလေးများကျောင်း၌ ဆက်သွယ်စုံစမ်းနိုင်ကြောင်း
သိရသည်။