Landmark စီမံကိန်းအတွက် ဘတ်ဂျက် လိုအပ်ပါက FMI မှ ရှယ်ယာသစ် ထုတ်ရောင်းမည်

Landmark စီမံကိန်းအတွက် ဘတ်ဂျက် လိုအပ်ပါက FMI မှ ရှယ်ယာသစ် ထုတ်ရောင်းမည်

ရန်ကုန်စတော့အိတ်ချိန်းတွင် လက်ရှိ ရှယ်ယာအရောင်းအဝယ် ပြုလုပ်လျက် ရှိသည့်
First Myanmar Investment (FMI) ကုမ္ပဏီအနေဖြင့် နိုင်ငံခြား မိတ်ဖက်အဖွဲ့အစည်း
များနှင့် ပူးပေါင်းတည်ဆောက်မည့် Landmark စီမံကိန်းအတွက် ဘတ်ဂျက်လိုအပ်မှု ရှိ
လာပါက ရှယ်ယာသစ်များကို ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း First Myanmar Invest-
ment ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်
တွင် ဖေဖော်ဝါရီလ ရ ရက်က ဖော်ပြထားသည်။

Landmark Development စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၆ဝဝ ရင်းနှီးမြှုပ်နှံကာ
တည်ဆောက်သွားမည် ဖြစ်ပြီး ကုမ္ပဏီများ၏ ရှယ်ယာထည့်ဝင်မှုများအဖြစ် FMI မှ ၁၂
ရာခိုင်နှုန်း၊ ရိုးမကုမ္ပဏီမှ ၄၈ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီနှစ်ခု ဖြစ်သည့် Mitsubishi ကော်ပို
ရေးရှင်းနှင့် Mitsubishi Estate ကုမ္ပဏီတို့မှ ၃ဝ ရာခိုင်နှုန်း၊ နိုင်ငံတကာအဖွဲ့အစည်း ၂ ခု
ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့မှ
၅ ရာခိုင်နှုန်းစီ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ရှယ်ယာသစ် ထုတ်ရောင်းမည့် နေ့ရက်နှင့် ရှယ်ယာအရေအတွက် မည်မျှရောင်းချမည်ကို
မဆုံးဖြတ်ရသေးကြောင်း ဦးသိမ်းဝေက ပြောကြားခဲ့သည်။ အဆိုပါ Landmark စီမံကိန်း
တွင် အဆင့်မြင့်အိမ်ရာ စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းသုံး Office Tower များနှင့် စျေးဝယ်
စင်တာများ ပါဝင်မည် ဖြစ်ပြီး စီမံကိန်းကို မြန်မာ့ မီးရထားရုံးချုပ်နှင့် FMI ရုံးချုပ်နေရာတို့၌
အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။