၂၀၁၇ ခုနှစ်၊ အကြိမ် (၇၀)မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ကော့သောင်းမြို့၊ ရွှေဇင်ယော်
ရပ်ကွက် အမိမြေကွင်း၌ ဖေဖေါ်ဝါရီလ ၈ရက်မှ ၁၂ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ဖြစ်ကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ရ ရက်နေ့က ဖော်ပြထားသည်။
ကော့သောင်းမြို့နယ်အတွင်း နေထိုင်ကြသည့် မြို့ခံမွန်တိုင်းရင်းသားလူမျိုးများ စုပေါင်းကာ မွန်ရိုးရာ ထမနဲထိုးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ချောတိုင်တက် ပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲနှင့် မွန်ရိုးရာ
လက်ဝှေ့ပြိုင်ပွဲများအပြင် မွန် တိုင်းရင်းသူ တိုင်းရင်းသားများ၏ ပဒေသာကပွဲများ၊ ရိုးရာပစ္စည်း၊ ရိုးရာ
အစားအစာ အရောင်းဆိုင်များ၊ စျေးဆိုင်စျေးတန်းများဖြင့် ယခင်နှစ်များနှင့်မတူ စည်ကားသိုက်မြိုက်စွာ
ကျင်းပမည်ဟု ဆိုသည်။
အကြိမ်(၇၀) မြောက် မွန်အမျိုးသားနေ့အခမ်းအနားနှင့် ပွဲတော်ကျင်းပပြုလုပ်မည့် အသိပေးကြော်ငြာ
မြေစိုက် ပိုစတာကြီးများအား မြို့အချက်အချာ၊ လူစည်ကားရာ နေရာများတွင် လိုက်လံ စိုက်ထူ အသိပေး
ထားကြောင်း သိရသည်။










