စစ်ကိုင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း များသို့ ပြည်ပ ခရီးသွားများ လေ့လာမှုများပြား

စစ်ကိုင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း များသို့ ပြည်ပ ခရီးသွားများ လေ့လာမှုများပြား

စစ်ကိုင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ပြည်ပခရီးသွားများ
လေ့လာမှုများပြား စစ်ကိုင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်ကျောင်း
များသို့ ကမ္ဘာလှည့်ခရီးသွားများ အထူး စိတ်ဝင်တစား လာရောက်လေ့လာမှု များပြားလျက် ရှိကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ရ ရက်က ဖော်ပြထားသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များအနေဖြင့် သီလရှင်ကျောင်းကို နေ့စဉ် လာရောက်
လေ့လာကြကြောင်း၊ ကျောင်းတွင် သီလရှင်ဆရာကြီး၊ ဆရာလေး စုစုပေါင်း ၁၈၅ ပါး
ရှိပြီး သီလရှင် စာသင်ကျောင်း ဖြစ်သည့် အတွက် ဆွမ်းစားကြွချိန်၊ စာသင်ချိန်၊ စာကျက်
ချိန်များတွင်သာ လေ့လာခွင့်ပေးထားကြောင်း၊ ကျောင်းတိုက်အတွင်း သကျမုနိစေတီတော်
ကြီးနှင့် ရန်အောင်မြင် နှီးဘုရားကြီးများပါ တည်ရှိသဖြင့် ဘုရားဖူးပြည်သူများ၊ လာရောက်
လေ့လာသူများဖြင့် နေ့စဉ် စည်ကားနေကြောင်း စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရှိ သကျဓီတာ
သီလရှင် စာသင်တိုက်မှ တိုက်အုပ်ဆရာကြီး ဒေါ်ကုသလဝတီ က မြွက်ကြားခဲ့သည်။