မန္တလေးတိုင်းဒေသကြီးအတွင်း လိုင်စင်သက်တမ်းမတိုးသည့် မြေသြဇာဆိုင်များကို ပယ်ဖျက်စာရင်းသွင်းလျက်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်း လိုင်စင်သက်တမ်းမတိုးသည့် မြေသြဇာဆိုင်များကို ပယ်ဖျက်စာရင်းသွင်းလျက်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လိုင်စင်သက်တမ်း ပြည့်ပြီးသော်လည်း ထပ်မံသက်တမ်းတိုးခြင်း မရှိသည့် မြေသြဇာအရောင်းဆိုင်များကို ပယ်ဖျက်စာရင်းသွင်းရာတွင် ယနေ့ထိ ၁၈၇ ဆိုင်ရှိလာ
ကြောင်း မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ် တွင် ဖေဖော်ဝါရီလ ရ ရက်က ဖော်ပြထားသည်။

မြေသြဇာအရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန
အနေဖြင့် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပေးနေပြီး ၂ နှစ် တစ်ကြိမ်
သက်တမ်းတိုးရ ကြောင်း၊ တိုင်းဒေသကြီးအတွင်း လက်ရှိအချိန်ထိ လိုင်စင်သက်တမ်း ပြည့်သွား
သော်လည်း သက်တမ်းမတိုး သဖြင့် ပယ်ဖျက်စာရင်းထည့်သွင်းခံရသော ဆိုင်ပေါင်း ၁၈၇ဆိုင် ရှိ
ကြောင်း၊ လိုင်စင်ရပြီးသော မြေသြဇာ အရောင်းဆိုင်များကို သက်တမ်းပြည့်သည်နှင့် သက်တမ်း
တိုးလုပ်ဆောင်ရန်၊ သက်တမ်းတိုးချိန် တစ်လမှ သုံးလထိ ကျော်လွန်ပါက ဒဏ်ကြေးငွေ ပေးဆောင်
ရပြီး သုံးလကျော်လွန်ပါက ပယ်ဖျက်စာရင်းတွင် ထည့်သွင်းကြောင်း မြေအသုံးချရေးဌာနခွဲမှ တာဝန်
ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြေသြဇာအရောင်းဆိုင်များအနေဖြင့် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ပြုလုပ်လိုပါက မြို့နယ်အလိုက်
စိုက်ပျိုးရေး ဦးစီးဌာနများသို့သွားရောက်၍ လိုင်စင်ပြုလုပ်နိုင်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ငွေ
ကျပ် ၅ဝဝဝဝ ကုန်ကျပြီး သက်တမ်းမှာ နှစ်နှစ် သက်တမ်း ဖြစ်ကြောင်း သိရသည်။