ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါင်းတည်မြို့တွင် နှစ်စဉ်ကျင်းပသော မြတ်စွယ်တော် ပူဇော်
လှည့်လည်ပွဲတွင် နှစ်ပေါင်း သုံးဆယ်ကျော်ကြာ လိုက်ပါပင့်ဆောင်ပေးသည့် အောင်ဝိဇ္ဇာ အမည်ရှိ
စွယ်စုံဆင်ကြီးမှာ ဖေဖော်ဝါရီ ၆ ရက်နေ့က ရုတ်တရက်သေဆုံးခဲ့ကြောင်း မြဝတီသတင်းတစ်ရပ်တွင်
ဖေဖော်ဝါရီလ ၈ ရက်နေ့က ဖော်ပြထားသည်။
မသေဆုံးခင် တစ်ရက်က ဆယ်ခေါက်ခန့် ၀မ်းသွားခဲ့ကြောင်း၊ အသက်အရွယ်အားဖြင့် ကြီးရင့်နေပြီ
ဖြစ်ပြီး စွယ်တော်လှည့်ရာတွင် လိုက်ပါခဲ့သည်မှာ နှစ်သုံးဆယ်ခန့် ရှိပြီ ဖြစ်ကြောင်း၊ စွယ်တော်မပင့်
ခိုင်းဘဲ နားထားသည်မှာ ၂ နှစ် ခန့်သာ ရှိသေးကြောင်း ဆင်ပိုင်ရှင်၏ မြေးဖြစ်သူ ဦးစည်သူအောင်
၏ ပြောကြားချက်အရ သိရ သည်။
အဆိုပါ စွယ်စုံဆင်ကြီးမှာ ပေါင်းတည်မြို့ မြတ်စွယ်တော်ပွဲတွင် နှစ်ပေါင်းများစွာ ကြာအောင် လှည့်
လည်သည့် ဆင်ကြီးဖြစ်သောကြောင့် ပေါင်းတည်မြို့ခံ လူထုနှင့် ရင်နှီးမှုရှိကြောင်း၊ ယခု သေဆုံးမှု
ကြောင့် အလွန်ဝမ်းနည်း ရကြောင်း ပေါင်းတည်မြို့ခံတို့က ပြောကြားခဲ့သည်။
အဆိုပါဆင်ကြီးသည် ပေါင်းတည်မြို့၊ ဘောလုံးကွင်းအနောက်ရှိ နားခိုရာနေရာတွင် သေဆုံးခဲ့ခြင်း
ဖြစ်ပြီး မသေဆုံးခင် တစ်ရက်အလိုကပင် ရွှေတောင်မြို့နယ်ရှိ ရှင်ပြုအလှူတစ်ခုတွင် လှည့်လည်ခဲ့
သေးကြောင်း ဆင်နှင့် အနီးကပ်နေထိုင်သူတို့က ဆိုသည်။
သေဆုံးခဲ့သည့် ဆင်ကြီးမှာ အသက် ရ၀ ဆယ်ခန့် ရှိပြီ ဖြစ်ပြီး အသက်သုံးဆယ် အရွယ်တွင် ငွေ
ကျပ် သုံးသိန်းဖြင့် စတင်ဝယ်ယူခဲ့ကာ ယခုလက်ရှိ ပေါက်စျေးမှာ ကျပ် သိန်း ၃၀၀ ခန့်ရှိကြောင်း
သိရသည်။










