မြန်မာ့ရုပ်ရှင် နှစ်(၁ဝဝ)ပြည့် အကြို ရုပ်ရှင်ဇာတ်ဝင်တေး ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ အမျိုးသား
ကဇာတ်ရုံ၌ ဖေဖော်ဝါရီ ၁ဝ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်
၀ါရီလ ၈ ရက်က ဖော်ပြထားသည်။
အဆိုပါဖျော်ဖြေပွဲတွင် မြန်မာ့ရုပ်ရှင် စတင်ပေါ်ပေါက်လာသည့် ၁၉၂ဝ ပြည့်နှစ်မှစ၍ အောင်မြင်မှု
ရရှိခဲ့သော ရုပ်ရှင်ဇာတ်ဝင် တေးသီချင်းများနှင့်အတူ အခြားသော အစီအစဉ်များလည်း ပါဝင်ပြီး
တေးသံရှင် မြန်မာ ပြည်သိန်းတန်၊ ချစ်ကောင်း၊ အောင်ထက်၊ ဖြိုးပြည့်စုံ၊ စောလားထော်ဝါး၊ မေဆွိ၊
မေခလာ၊ ကော်နီ၊ နီနီခင်ဇော် တို့နှင့်အတူ Laurel Art Academy မှ ကျောင်းသားကျောင်းသူများ
ပါဝင်ဖျော်ဖြေကြမည် ဖြစ်ကြောင်း သိရသည်။
ဖျော်ဖြေပွဲလက်မှတ်များကို ငွေကျပ် ခုနှစ်သောင်း၊ ငါးသောင်း၊ သုံးသောင်း၊ နှစ်သောင်းနှင့် တစ်
သောင်းဟူ၍ သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ Tony Tun Tun ၊ No Body (ရန်ကင်း
စင်တာ၊ ဒဂုံစင်တာ) နှင့် Laurel Art Academy ဆိုင်ခွဲများတွင် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။









